www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, May 16, 2018

မောင်တောမြို့အနီး နတ်မြစ်အတွင်း လှေတစ်စီးပေါ်မှ ငွေကျပ်သိန်းပေါင်း ၅ဝဝဝ ကျော်တန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ



နေပြည်တော် ၁၆-၅-၂ဝ၁၈

ရခိုင်ပြည်နယ်၊ မောင်တောမြို့အနီးရှိ နတ်မြစ်အတွင်း တရားဥပဒေစိုးမိုးရေး ဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ ဝင်များသည် ယနေ့နံနက်ပိုင်းတွင် မောင်နီကျေးရွာ၏ အနောက်ဘက် မီတာ ၃ဝဝဝခန့်အကွာ၌ တစ်ဖက်နိုင်ငံ သို့လှော်ခတ် သွားနေသည့် မသင်္ကာဖွယ် လှေတစ်စီးကို တွေ့ရှိသဖြင့် မီးအချက်ပြခေါ်ယူရာ လှေကိုရပ်တန့်ခြင်းမရှိဘဲ ဆက်လက်လှော်ခတ် ထွက်ပြေးသဖြင့် လိုက်လံဖမ်းဆီးရာ လှေပေါ်ပါသူများမှာ နတ်မြစ်အတွင်း ခုန်ချထွက် ပြေးသွားခဲ့ပြီး အလျား ၁၅ပေ၊ အနံ သုံးပေ၊ ရေစူး သုညဒသမ ၅ ပေခန့်ရှိ လက်ခတ်လှေ တစ်စီးပေါ်မှ WY စာတန်းပါ စိတ်ကြွ ရူးသွပ်ဆေးပြား ၂၇၃ဝဝဝ (ခန့်မှန်းတန်ဖိုး ငွေကျပ်သိန်းပေါင်း ၅ဝဝဝကျော်)ကို ပိုင်ရှင်မဲ့သိမ်းဆည်းရမိခဲ့သည်။

အဆိုပါသိမ်းဆည်း ရမိလှေနှင့် စိတ်ကြွရူးသွပ် ဆေးပြားများကို မောင်တောမြို့နယ်၊ မကျီးချောင်းရဲစခန်းသို့ စနစ်တကျလွှဲပြောင်း အပ်နှံခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger