www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, May 16, 2018

ရန်ကုန်-မော်လမြိုင် ရထားလမ်း သံလမ်းပြုပြင်နေသော လုပ်သားတစ်ဦး သံချောင်းဖြင့် ရိုက်မိသေဆုံး




သထုံ ၁၆-၅-၂ဝ၁၈

မွန်ပြည်နယ် သထုံမြို့နယ် အောင်းစိုင်ကျေးရွာ တံတားဖြူ ချောင်းအနီး ရန်ကုန်-မော်လမြိုင် ရထားလမ်းတွင် မေ ၁၃ ရက်က ရထားသံလမ်း ပြုပြင်နေသော လုပ်သားတစ်ဦး သံချောင်းဖြင့် ရိုက်မိရာမှ သေဆုံးမှုဖြစ်ပွားခဲ့ ကြောင်း သိရသည်။

ရန်ကုန်-မော်လမြိုင် ရထားလမ်း မိုင်တိုင်အမှတ် (၁၄၁/၃)နှင့် (၁၄၁/၄) ကြားတွင် သထုံမြို့နယ် ဒူးရင်းကျေးရွာနေ မီးရထား လုပ်သားခေါင်း ကျော်စွာဝင်းသည် အခြားလုပ်သား ငါးဦးနှင့်အတူ ကွန်ကရစ်ဇလီ ဖားတုံးလဲလှယ်ရန်အရှည် လေးပေခွဲ၊လုံးပတ် တစ်လက်မခွဲခန့်ရှိ ဘာလီသံချောင်းဖြင့် ရထားသံလမ်းကို မယူစဉ် သံချောင်းမှာ ချော်ထွက်သွားပြီး ၎င်း၏လည်ပင်းကို ရိုက်မိခဲ့ခြင်း ဖြစ်သည်။

အဆိုပါသံချောင်း ရိုက်မိမှုကြောင့် ကျော်စွာဝင်းမှာ မေ့မျောသွားသဖြင့် သထုံခရိုင်ဆေးရုံကြီးသို့ တင်ပို့ကုသစဉ် လမ်း၌ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"ရထားလမ်းမှာ နဂိုရှိနေတဲ့ သစ်သားဇလီဖားတုံး တွေနေရာမှာ ကွန်ကရစ်ဇလီဖားတုံး လဲတဲ့အချိန် သေဆုံးသူက သူကိုင်ထားတဲ့သံချောင်းနဲ့ ရထားသံလမ်းကို မတဲ့အချိန် ချော်ထွက်ပြီးတော့ သူ့လည်ပင်းကို သူကိုင်ထားတဲ့ သံချောင်းက ပြန်ရိုက်မိရာကနေ ဆုံးသွားပါတယ်"ဟု သထုံမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောပြသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ကျော်စွာဝင်းသေဆုံးမှုကို သထုံမြို့မရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၅/၂ဝ၁၈ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger