www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, May 24, 2018

နိုင်ငံ၏လျှပ်စစ်ဓာတ်အား လိုအပ်ချက်အတွက် မဂ္ဂါဝပ်ပေါင်း ၁၆၀၀ ကျော် ထုတ်ပေးနိုင်မည့် ရေအားလျှပ်စစ်စီမံကိန်းခုနှစ်ခုကို ဆောင်ရွက်နေ



နေပြည်တော် ၂၄-၅-၂ဝ၁၈

မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်အတွက် တစ်ဖက်တစ်လမ်း မှနေ၍ လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ်ပေါင်း ၁၆ဝဝ ကျော်ကို ထုတ်လုပ်ဖြန့်ဖြူး ပေးနိုင်မည့် ရေအားလျှပ်စစ် စီမံကိန်းခုနစ်ခုကို အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

လက်ရှိနိုင်ငံအတွင်း ဓာတ်အားသုံးစွဲ နေသည့် အိမ်ထောင်စုပေါင်း ၁၃ သန်းကျော်ရှိပြီး မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အား သုံးစွဲမှုမှာ နှစ်စဉ် ၁၅ ရာခိုင်နှုန်းထိ တိုးတက်သုံးစွဲ လျက်ရှိနေသည် ဖြစ်၍ နိုင်ငံအတွင်း လျှပ်စစ်ဓာတ်အား လိုအပ်ချက်များ ရှိနေကာ ၎င်းဓာတ်အား လိုအပ်ချက်များကို နည်းလမ်း အမျိုးမျိုးဖြင့် ဖြည့်ဆည်းနိုင်ရန် ဆောင်ရွက်လျက်ရှိရာ မဂ္ဂါဝပ်ပေါင်း ၁၆၆၁ ဒသမ ၂ မဂ္ဂါဝပ်ထွက်ရှိမည့် ရေအားလျှပ်စစ် စီမံကိန်းခုနစ်ကို လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက အကောင်အထည် ဖော်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

"ကျွန်တော်တို့နိုင်ငံရဲ့ လျှပ်စစ်ဓာတ်အား သုံးစွဲမှု လိုအပ်ချက်က နှစ်စဉ်ဖြစ်ပေါ် နေပါတယ်။ တစ်နှစ်ထက် တစ်နှစ်လဲ သုံးစွဲမှုက တိုးတက်သုံးစွဲ လာကြပါတယ်။ ဒီလိုဓာတ်အား လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့အတွက် ကျွန်တော်တို့ အနေနဲ့ကလဲ နည်းလမ်းအမျိုးမျိုးနဲ့ ဆောင်ရွက် နေပါတယ်။ ပြည်ပကဝယ်ယူပြီး ဖြည့်ဆည်း သင့်ရင်လဲ ဖြည့်ဆည်းဖို့ ဆောင်ရွက်နေပါတယ်။ ရေအားလျှပ်စစ် စီမံကိန်းခုနစ် ကိုလဲဆောင်ရွက်နေပါတယ်"ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယအမြဲတမ်း အတွင်းဝန် ဦးဌေးအောင်က ပြောပြသည်။

အဆိုပါ လျှပ်စစ်မဂ္ဂါဝပ် ၁၆၆၁ ဒသမ ၂ မဂ္ဂါဝပ်ထွက်ရှိမည့် တည်ဆောက်ဆဲ ရေအားလျှပ်စစ် စီမံကိန်းများမှာ ၃ ဒသမ ၂ မဂ္ဂါဝပ်ထွက်ရှိမည့် ကချင်ပြည်နယ် အထက်ပိုင်း နမ့်ထွမ်ရေအား လျှပ်စစ်စီမံကိန်း၊မဂ္ဂါဝပ် ၁ဝဝ ထွက် ရှိမည့် ပြည်ထောင်စုနယ်မြေ နေပြည်တော်မှ အလယ်ပေါင်း လောင်းရေအား လျှပ်စစ်စီမံကိန်း၊ ၆၆ မဂ္ဂါဝပ်ထွက်ရှိမည့် မန္တလေးတိုင်း ဒေသကြီးမှ ဒီးဒုတ်ရေအား လျှပ်စစ်စီမံကိန်း၊ ၁၁၁ မဂ္ဂါဝပ်ထွက်ရှိမည့် ရခိုင်ပြည်နယ် သူဌေးရေအားလျှပ်စစ်စီမံကိန်း၊ မဂ္ဂါဝပ် ၁ဝ၅ဝ ထွက်ရှိမည့် ရှမ်းပြည်နယ်(မြောက်ပိုင်း) ရှိရွှေလီ (၃) ရေအားလျှပ်စစ်စီမံကိန်း၊ မဂ္ဂါဝပ်၂၈ဝ ထွက်ရှိမည့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ရှိ အထက်ရဲရွာ ရေအားလျှပ်စစ် စီမံကိန်းနှင့် ၅၁ မဂ္ဂါဝပ်ထွက်ရှိမည့် ရှမ်းပြည်နယ် (တောင်ပိုင်း) ရှိ အထက်ကျိုင်းတောင်း ရေအားလျှပ်စစ် စီမံကိန်းများ ဖြစ်သည်။

အဆိုပါဆောင်ရွက် ဆဲရေအားလျှပ်စစ် စီမံကိန်းများပြီးစီးပါက ပြည်သူများအတွက် လျှပ်စစ်ဓာတ်အား ၁၆၆၁ ဒသမ ၂ မဂ္ဂါဝပ်ကို ဖြန့်ဝေပေးနိုင်မည်ဖြစ်ပြီး ပြည်တွင်းလျှပ်စစ် လိုအပ်ချက်များကို ထပ်မံဖြည့်ဆည့် ပေးနိုင်ရန် အတွက် LNG သဘာဝ ဓာတ်ငွေ့သုံး ဓာတ်အားထုတ်စက်ရုံများ၊ ပြည့်ဖြိုးမြဲ စွမ်းအင်ဖြစ်သည့် နေရောင်ခြည်သုံး ဓာတ်အားထုတ်စက်ရုံ များဖြင့်လည်း အကောင်ထည် ဖော်ဆောင်ရွက်လျက် ရှိကြောင်း လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနမှ သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger