www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, May 16, 2018

ကသာမြို့နယ်တွင် ဆိုင်ကယ်မောင်းနှင် လာသူထံမှ ငွေကျပ်သိန်း ၂ ဝ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ



ကသာ ၁၆-၅-၂ဝ၁၈

စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့ရှိ အမှတ် (၆) မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု၏ သတင်းရယူ ဖော်ထုတ်ချက်အရ မေ ၁၄ ရက် ည ၇ နာရီက ဆိုင်ကယ်မောင်းနှင် လာသူထံမှ ငွေကျပ်သိန်း ၂၈ဝ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ကသာမြို့ရှိ အမှတ် (၆) မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စုမှ ရဲအုပ်ကျော်စိုးလင်း ဦးဆောင်သည့် တပ်ဖွဲ့ဝင်များသည် မူးယစ်ဆေးဝါး သတင်းအရ ကသာမြို့နယ် လမ်းခွကျေးရွာ စာသင်ကျောင်း လမ်းရှေ့၌ သက်သေများနှင့် ပူးပေါင်း၍ ကြိုတင်စောင့်ဆိုင်းနေစဉ် ကသာမြို့မှ လှဒင် မောင်းနှင်လာသည့် CANDA-125 ဆိုင်ကယ်ကို ရပ်တန့် စစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးရာ လှဒင်လွယ်ထားသည့် ဘေးလွယ်အိတ်အတွင်းမှ ရောင်စုံဆပ်ပြာခွက် ၁၇ခွက်အတွင်း ကာလတန်ဖိုး ငွေကျပ် ၁၈၇ သိန်းဖိုးရှိ ဘိန်းဖြူအမှုန့် အလေးချိန် ၁၈၇ ဂရမ်နှင့် အပြာရောင် ကပ်ခွာအိတ် ၁ဝအိတ်အတွင်းမှ ကာလတန်ဖိုးငွေကျပ် ၉၃ သိန်းဖိုးရှိ WY စာတန်းပါ ပန်းရောင် စိတ်ကြွဆေးပြား ၁၈၆ဝကို ရှာဖွေသိမ်းဆည်း ရမိခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ လှဒင်ကသာမြို့နေသူကို ကသာမြို့မ ရဲစခန်းက မယ(ပ) ၂၄/၂ဝ၁၈၊ မူး/စိတ်ပုဒ်မ-၁၉(က)ဖြင့် အမှုဖွင့် ဆောင်ရွက်ထားကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger