www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, May 22, 2018

မကွေးတိုင်းဒေသကြီးအတွင်း မီတာအခွန်ထမ်းဆောင်မှုနှင့် မမှန်မကန်ဓာတ်အား သုံးစွဲနေမှုများ စစ်ဆေးတွေ့ရှိပါက အရေးယူမည်



မကွေး ၂၂-၅-၂ဝ၁၈

မကွေးတိုင်း ဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား သုံးစွဲနေသော ပြည်သူများ၏ မီတာအခွန် ထမ်းဆောင်မှုနှင့် တရားဝင်မီတာ တပ်ဆင်၍ မမှန်မကန် ဓာတ်အားသုံးစွဲမှုများ စစ်ဆေးတွေ့ရှိပါက ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်မည် ဖြစ်ကြောင်း တိုင်းဒေသကြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

လျှပ်စစ်ဓာတ်အား သုံးစွဲရာတွင် အိမ်သုံးမီတာ တပ်ဆင်ခြင်းမရှိဘဲ ဓာတ်တိုင်မှ တိုက်ရိုက်သွယ်တန်းပြီး သုံးစွဲခြင်း၊ လုပ်ငန်းသုံးမီတာ လျှောက်ထား တပ်ဆင်ခြင်း မရှိဘဲ စက်မှုလုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းများတွင် အိမ်သုံးမီတာဖြင့် သုံးစွဲခြင်းတို့သည် ဌာနဝင်ငွေများ ဆုံးရှုံးသဖြင့် အဆိုပါ လုပ်ရပ်များကို ကျူးလွန်ပါက ဌာနဝန်ထမ်းဖြစ်လျှင် အလုပ်မှထုတ်ပယ်သည်ထိ အရေးယူမည် ဖြစ်ကြောင်း၊ ပြည်သူများ ကျူးလွန်ပါက ဒဏ်ကြေး၊ နစ်နာကြေးများ တောင်းခံကာ လျှပ်စစ်ဥပဒေအရ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်၊လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်က ပြောပြသည်။

"အခုလို မိုးဦးကာလတွေမှာ သစ်ပင်၊ သစ်ကိုင်းနဲ့ မလွတ်ကင်း တာတွေ ခုတ်ထွင်ရှင်းလင်း နေရတယ်။ သစ်ပင်၊ သစ်ကိုင်းတွေကြောင့် လျှပ်စစ်မီးမကြာခဏ ပြတ်တောက်မှုတွေလဲ ကြုံတွေ့နေရတယ်။ အဲဒီလို လိုက်လံရှင်းလင်းတဲ့အခါ တရားမဝင် သွယ်တန်းထားတာတွေ၊ လုပ်ငန်းသုံး ပါဝါမီတာ မတပ်ဆင်ဘဲ အိမ်သုံးမီတာနဲ့ အသုံးပြုတာတွေကို စစ်ဆေးဆောင်ရွက် ပါတယ်။ စစ်ဆေးတွေ့ရှိခဲ့ရင် ဥပဒေနဲ့အညီ အရေးယူသွားမှာဖြစ်ပါတယ်"ဟု မကွေးမြို့နယ် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

တရားမဝင် ဓာတ်အားသုံးစွဲမှု များကို မြို့နယ်များတွင် ခရိုင်၊မြို့နယ် လျှပ်စစ်အင်ဂျင်နီယာများ ဦးဆောင်ကာ လစဉ်ပုံမှန် စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger