www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, May 22, 2018

မိုးစပါးစိုက်ရာသီတွင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၌ မိုးစပါးဧက ၂၄၇၉၀ စိုက်ပျိုးရန်လျာထား



မုံရွာ ၂၂-၅-၂ဝ၁၈

စစ်ကိုင်းတိုင်း ဒေသကြီး နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသအတွင်းရှိ မြို့နယ်နှင့် မြို့နယ်ခွဲ ခုနစ်ခုတွင် ၂ဝ၁၈-၂ဝ၁၉ဘဏ္ဍာနှစ် ကြားကာလ ခြောက်လ ဘတ်ဂျက်တွင် မိုးစပါး ဧက ၂၄၇၉ဝ စိုက်ပျိုးသွားရန် လျာထားကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မြန်မာနိုင်ငံ အနောက်မြောက် ဒေသဖြစ်သော နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်းရှိ မြို့နယ်များသည် မြေပြန့်ဧရိယာ အနည်းငယ်သာရှိပြီး အများအားဖြင့် တောင်တန်းများပေါ်၌ တည်ရှိသောကြောင့် စပါးစိုက်ပျိုးရာတွင် တောင်ယာ စိုက်ပျိုးနည်း၊ လှေကားထစ် စိုက်ပျိုးနည်းများကို အများဆုံးအသုံးပြုသော ဒေသများ ဖြစ်ကြောင်း သိရသည်။

"စစ်ကိုင်းတိုင်း ဒေသကြီး နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့် ဒေသမှာရှိတဲ့ မြို့နယ်နဲ့ မြို့နယ် ခွဲတွေက စိုက်ပျိုးရေးလုပ်ငန်းတွေမှာ လှေကားထစ်စိုက်ပျိုးနည်း၊ တောင်ယာ စိုက်ပျိုးနည်းတွေကို အဓိကထားလုပ်ကိုင်တယ်။ သီးနှံမျိုးစုံ စိုက်ပျိုးကြတဲ့ အထဲမှာ စပါးကိုတော့ ဧက ၂၇ဝဝဝ ကျော် စိုက်ပျိုးဖို့ လျာထားပါတယ်" ဟု တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသအတွင်းရှိ မြို့နယ်များတွင် ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ် မိုးစပါးစိုက်ရာသီက ဧက ၂၄၅၁၅ ဧကကိုလည်းကောင်း၊ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် မိုးစပါးစိုက်ပျိုး ရာသီက ၂၅၁၁၈ ဧကကိုလည်းကောင်း၊ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် မိုးစပါးစိုက်ပျိုး ရာသီက ဧက ၂၄၇၉ဝ ကိုစိုက်ပျိုးနိုင်ခဲ့ပြီး ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်တွင်လည်း ဧက ၂၄၇၉ဝ ကို လျာထားချက်ပြည့်မီစွာ စိုက်ပျိုးနိုင်ရေး ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger