www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, May 28, 2018

တရုတ်နိုင်ငံတွင် ဖရဲ၊သခွားပေါ်သည့် ရာသီဖြစ်၍ မြန်မာနိုင်ငံမှ ဖရဲ၊ သခွားများ ပြည်ပသို့တင်ပို့မှု အနည်းငယ်သာရှိ



ရန်ကုန် ၂၈-၅-၂ဝ၁၈

တရုတ်နိုင်ငံတွင် ဖရဲ၊ သခွားစိုက်ပျိုး၍ ထွက်ရှိသည့်ရာသီ ဖြစ်သောကြောင့် မြန်မာနိုင်ငံမှ ထွက်ရှိသော ဖရဲ၊ သခွားများကို ပြည်ပသို့ တင်ပို့ရာတွင် နေ့စဉ် တန်ချိန် ၁ဝဝ ခန့်သာရှိကြောင်း မြန်မာနိုင်ငံ ဖရဲသခွားမွှေး စိုက်ပျိုးထုတ် လုပ်တင်ပို့ရောင်းချ သူများအစုအဖွဲ့ (ရန်ကုန်)မှ သိရသည်။

လက်ရှိတွင် တရုတ်နိုင်ငံသို့ ဖရဲ၊သခွား တင်ပို့ရောင်းချရာတွင် ဝယ်ယူမှု အနည်းငယ်သာ ရှိသည့်အပြင် ဈေးနှုန်းမှာလည်း နည်းပါးကြောင်း၊ တင်ပို့ရာတွင်လည်း မြန်မာနိုင်ငံ အလယ်ပိုင်းမှ ထွက်ရှိသော ဖရဲ၊ သခွားများတင်ပို့မှုနည်းပါးပြီး ရှမ်းပြည်နယ် (မြောက်ပိုင်း)မှ တင်ပို့လျှင် ခရီးစရိတ်သက်သာသဖြင့် ၎င်းပြည်နယ်မှ ထွက်ရှိသော ဖရဲ၊ သခွားများကိုသာ အများဆုံး တင်ပို့နေကြကြောင်း သိရသည်။

"မေ ၂ဝ ရက်လောက်က နေစပြီး စက်တင်ဘာလပိုင်း လောက်ထိက ပြည်ပကိုတင်ပို့တာ နည်းပါတယ်။ ဒါကတော့ နှစ်စဉ်ဖြစ်နေကျပါပဲ။ တခြားချိန်တွေမှာပဲ တင်ပို့တာများပါတယ်။ တရုတ်နိုင်ငံမှာက ခုချိန်စိုက်ပျိုးလို့ရတဲ့ ချိန်ဆိုတော့ ကျွန်တော်တို့ နိုင်ငံကနေ ဝယ်ယူတာ မရှိသလောက်ပါပဲ။ လက်ရှိတော့ နေ့စဉ် တန်ချိန် ၁ဝဝ လောက်ပဲ တင်ပို့နေရတယ်။ ဈေးက တစ်ကီလိုကို တရုတ်ငွေ ၁ ယွမ်ပဲရှိပါတယ်"ဟု မြန်မာနိုင်ငံ ဖရဲသခွားမွှေး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အစုအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်ဝင်းက ပြောပြသည်။

ဖရဲ၊ သခွားရာသီကို နှစ်စဉ် အောက်တိုဘာလမှ မေလထိ သတ်မှတ်ပြီး အများဆုံး စိုက်ပျိုးထုတ်လုပ် လျက်ရှိကြောင်း၊ ပြည်ပသို့နှစ်စဉ် ဖရဲ၊ သခွားတန်ချိန် ၆ဝဝဝခန့် တင်ပို့ရောင်းချလျက်ရှိပြီး ဖရဲ၊ သခွားသည် မြန်မာနိုင်ငံတွင် ထွက်ရှိသည့် သစ်သီးဝလံများထဲမှ နိုင်ငံခြားဝင်ငွေ အများဆုးံရရှိသော သစ်သီးတစ်မျိုး ဖြစ်သည်။

နှစ်စဉ် ဖရဲ၊ သခွားတင်ပို့ရောင်း ချသောနိုင်ငံများမှာ တရုတ်၊ ထိုင်း၊ ကိုရီးယား၊ စင်ကာပူ၊ အိန္ဒိယ၊မလေးရှား၊ ဂျပန်နိုင်ငံတို့သို့ တင်ပို့ရောင်းချ လျက်ရှိရာ တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချမှုမှာ အများဆုံးဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger