www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, April 3, 2018

မြန်မာနိုင်ငံ၏ မီးဖိုချောင်ကဏ္ဍတွင် LPG ဓာတ်ငွေ့ပြောင်းလဲ သုံးစွဲနိုင်ရန် စီမံကိန်းချမှတ် ဆောင်ရွက်မည်



မန္တလေး ၃-၄-၂ဝ၁၈

မြန်မာနိုင်ငံ၏ မီးဖိုချောင် ကဏ္ဍတွင် ထင်း၊မီးသွေးနှင့် လျှပ်စစ်ဓာတ်အား အသုံးပြုနေမှုများကို လျှော့ချနိုင်ရေးအတွက် LPG ဓာတ်ငွေ့ပြောင်းလဲ သုံးစွဲနိုင်ရန် စီမံကိန်းချမှတ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန သတင်းများအရ သိရသည်။

အဆိုပါစီမံကိန်းကို ယခုနှစ်မှ ၂ဝ၂ဝ ပြည့်နှစ်ထိ အကောင်အထည် ဖော်ဆောင်ရွက် သွားမည်ဖြစ်ပြီး စီမံကိန်းကာလအတွင်း မြန်မာနိုင်ငံ၏ အိမ်ထောင်စု ၁ဝ သန်းအတွက် မီးဖိုချောင် ကဏ္ဍများတွင် ထင်း၊မီးသွေးနှင့် လျှပ်စစ် ဓာတ်အားများကို အသုံးပြု ချက်ပြုတ်လုပ်ကိုင်နေရာမှ LPG ဓာတ်ငွေ့ပြောင်းလဲအသုံး ပြုနိုင်စေရန် LPG ဓာတ်ငွေ့တန်ချိန် ၂၅ဝဝဝထုတ်လုပ် ဖြန့်ဝေသွားမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ တစ်ရက်လျှင် LPG ဓာတ်ငွေ့တန်ချိန် ၃ဝ သာထုတ်လုပ်နိုင်သဖြင့် အဆိုပါ စီမံကိန်းအတွက် လိုအပ်သည့် LPG ဓာတ်ငွေ့များကို ပြည်ပမှ မှာယူတင်သွင်း ဆောင်ရွက်သွားမည် ဖြစ်သည်။ LPG ဓာတ်ငွေ့များကို ပြည်ပမှ တင်သွင်းမှာယူ နိုင်ရေးအတွက် ပြည်တွင်း၊ပြည်ပရေနံနှင့် သဘာဝဓာတ်ငွေ့ ကုမ္ပဏီများနှင့် ချိတ်ဆက်ဆောင်ရွက် မည်ဖြစ်သည်။

ထိုသို့တင်သွင်း ဆောင်ရွက်ရာတွင် နိုင်ငံတော်အနေဖြင့် ဘေးကင်းလုံခြုံမှု ရှိစေရေးနှင့်ဓာတ်ငွေ့ဆိုင်ရာ မူဝါဒများ ချမှတ်ဆောင်ရွက်သွား ရမည်ဖြစ်ပြီး အများပြည်သူအနေဖြင့် ပြောင်းလဲ အသုံးပြုလာစေရေး အတွက် ပညာပေးလုပ်ငန်းများ လုပ်ဆောင်သွားရမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် မီးဖိုချောင် ကဏ္ဍအတွက် LPG ဓာတ်ငွေ့အသုံး ပြုနေသည့် အိမ်ထောင်စု နှစ်သောင်းကျော်သာ ရှိသေးပြီး ပြည်သူအများစုက မီးဘေးအန္တရာယ်ကို စိုးရိမ်မှု၊ ဓာတ်ငွေ့ရရှိရန် လိုအပ်မှုစသည့် အခြေအနေများ ကြောင့် LPG ဓာတ်ငွေ့အသုံးပြုကာ ချက်ပြုတ်စားသောက်မှုများ နည်းပါးနေသေးကြောင်း သိရသည်။ မြန်မာနိုင်ငံ၌ စွမ်းအင်လိုအပ်ချက် များကိုဖြည့်ဆည်း ဆောင်ရွက်ရာတွင် ထင်း၊ မီးသွေးနှင့် လျှပ်စစ်ဓာတ်အားများ နေရာ၌ LPG ဓာတ်ငွေ့ကို အစားထိုးအသုံးပြု နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger