www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, April 3, 2018

ကမ္ဘာ့ သစ်တောထွက် ပစ္စည်းများ နေ့အခမ်းအနားတွင် မန္တလေးမြို့၌ ပထမဦးဆုံးအကြိမ် ဝါးပညာပေး ပြခန်းများ ပြသမည်



မန္တလေး ၃-၄-၂ဝ၁၈

မန္တလေးမြို့၌ ကျင်းပမည့် ကမ္ဘာ့သစ်တောထွက် ပစ္စည်းများ နေ့အခမ်းအနားတွင် ပထမဦးဆုံးအကြိမ် ဝါးပညာပေးပြခန်းများ ပါဝင်ပြသမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဝါးစိုက်ပျိုးရေးအသင်း (မန္တလေးတိုင်း ဒေသကြီး)မှ သိရသည်။

ကမ္ဘာ့သစ်တော ထွက်ပစ္စည်းများနေ့ ပေအခမ်းအနားကို ၂ဝ၁၈ခုနှစ် ဧပြီလ ၆၊ ၇၊ ၈ရက်နေ့တို့တွင် မန္တလေးမြို့ မြို့တော်ခန်းမ၌ သုံးရက်ကြာ ကျင်းပသွားမည်ဖြစ်ပြီး ဝါးနှင့်ပတ်သက်သည့် အသိပညာပေး ပြခန်းကို ပထမဦးဆုံး အကြိမ်ပါဝင်ပြသ သွားမည်ဖြစ်ကြောင်း အဆိုပါ အသင်းဒုတိယဥက္ကဋ္ဌ ဒေါက်တာဝင်းမြင့်က ပြောပြသည်။

"အခမ်းအနားမှာ ဝါးအပြင် သစ်တောထွက် ပစ္စည်းတွေဖြစ်တဲ့သစ်၊ ကြိမ်စတဲ့ တခြားပြခန်းတွေလဲ ပါဝင်ပြသကြမယ်။ လက်ရှိ မြန်မာနိုင်ငံမှာ သစ်တောပြုန်းတီးမှု ဖြစ်ပေါ်နေတာတွေ အမြန်ဆုံးကုစား နိုင်တဲ့ဝါးကို စနစ်တကျ ဝါးစိုက်ခင်းတွေ ထူထောင်နိုင်ဖို့၊ ပညာပေးဖို့၊ ဝါးနဲ့ပတ်သက်တဲ့ ဗဟုသုတ တွေပြန့်ပွားစေဖို့ ရည်ရွယ်ချက်နဲ့ အခုလိုပါဝင်ပြသ တာဖြစ်ပါတယ်"ဟု ၎င်းက ဆက်လက် ပြောပြသည်။

ကမ္ဘာ့သစ်တောထွက် ပစ္စည်းများနေ့ World Wood Day အခမ်းအနားတွင် အသင်းမှ ပြခန်းသုံးခန်း ပါဝင်ပြသရန် လျာထားပြီး ပြခန်းများတွင် ဝါးမျိုးစေ့များ၊ ဝါးပျိုးပင်များ၊ ဝါးလက်မှုပစ္စည်းများ၊ ဝါးထုတ်ကုန်ပစ္စည်းများ၊ ဝါးပန်းပု၊ဝါးလက်ကောက်၊ ပန်းချီနှင့် ဝါးပရိဘောဂစသည့် ဝါးထုတ်ကုန်ပစ္စည်းများ ပါဝင်ပြသသွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ ဝါးစိုက်ပျိုးရေး အသင်းအနေဖြင့် ဝါးစိုက်ခင်းများ ထူထောင်နိုင်ရေး၊ ဝါးစိုက်ပျိုးနည်း၊ ဝါးတောထိန်းသိမ်းနည်း၊ ဝါးမျိုးပွားနည်း၊ ဝါးခုတ်နည်း၊ ဝါးနှီးဖြာနည်း၊ ဝါးလက်မှုပစ္စည်း လုပ်နည်းများကို ဖြန့်ဝေပေးနေပြီး မြန်မာနိုင်ငံရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်ငါးခုတွင် လိုအပ်သည့် ဝါးပမာဏအား စနစ်တကျထုတ်ယူ ရရှိနိုင်ရန်ဝါးစိုက်ပျိုး ရေးဇုန်များကို စတင်တည်ထောင်၍ ဝါးစိုက်ပျိုးရေး ဇုန်များကို မန္တလေး၊ ရန်ကုန်၊ နေပြည်တော်၊မကွေး၊ စစ်ကိုင်းတိုင်း ဒေသကြီးတို့နှင့် ရှမ်းပြည်နယ်တို့တွင် စတင်တည်ထောင်သွား မည်ဖြစ်ကာ ဝါးစိုက်ပျိုးလိုသည့် ဒေသခံများ၊ လုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်း အဆိုပါအသင်းမှ သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger