www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, April 11, 2018

မဟာမုနိရုပ်ရှင် တော်တွင် ဧပြီ ၂၂ ရက်၌ သံဃာအပါး ၁ဝ၈ဝဖြင့် ဘုရားအနေကဇာတင်ပွဲ ကျင်းပမည်



မန္တလေး ၁၁-၄-၂ဝ၁၈

မန္တလေးမြို့ မဟာမုနိရုပ်ရှင်တော်တွင် ဧပြီ ၂၂ ရက်၌ သံဃာအပါး ၁ဝ၈ဝ ဖြင့် ဘုရား အနေကဇာတင်ပွဲ ကျင်းပသွားမည် ဖြစ်ကြောင်း မဟာမုနိရုပ်ရှင်တော် ဂေါပကအဖွဲ့ထံမှ သိရသည်။

မဟာမုနိ ရုပ်ရှင်တော် ကိန်းဝပ်စံပယ် တော်မူသည့် ရွှေကျောင်းတော်ကြီးကို ရွှေအသစ် ပြန်လည်ကပ်လှူ ပူဇော်ပြီးဖြစ်သည့်အပြင် မဟာမုနိဘုရား ကိုယ်တော်ကြီးတွင် လည်းပြုပြင်ထားသည်များ ပြီးစီးပြီဖြစ်သည့် အတွက် ဗုဒ္ဓဘိသေကအနေကဇာ တင်သွားမည်ဖြစ်ပြီး နိုင်ငံတော် သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့ကို ဖိတ်ကြားထားကြောင်း အဆိုပါ ဂေါပကအဖွဲ့ဝင်ဦးကျော်ကျော်ဦးက ပြောပြသည်။

"ဘုရားကြီးနဲ့ ပတ်သက်ပြီး ဘုရားကိုယ်တော် ကြီးရော၊ ကျောင်းတော်ကြီးရော အလုံးစုံအကြီးစား ပြုပြင်ပြီးစီးပြီ ဆိုတဲ့ရည်ရွယ်ချက်နဲ့ ဘုရားအနေ ကဇာတင်တာပါ။ အဘိဓဇ၊ အဂ္ဂမဟာပဏ္ဍိတ၊ တိပိဋကဘွဲ့တံဆိပ် တော်ရဆရာတော်ကြီးတွေ အပါအဝင်သံဃာ အပါး ၁ဝ၈ဝ နဲ့ အနေကဇာတင် သွားမှာပါ"ဟု ၎င်းက ပြောပြသည်။

မဟာမုနိ ရုပ်ရှင်တော်၏ နဖူးသင်းကျစ်တော်တွင် ရွှေချ ထားသည်များကို မူလမျက်နှာတော် အတိုင်းပြန်လည်ရရှိရန် နည်းပညာ ဖြင့်ပြန်လည် ပြုပြင်ထားပြီး မဟာမုနိရုပ်ရှင်တော်၏ ဦးခေါင်းတော်နှင့် ရင်ဘတ်တော်၌ ချိတ်ဆွဲတပ်ဆင်ထားသည့် ကျောက်မျက် ရတနာများကိုလည်း ပြန်လည်ပြင် ဆင်ချိတ်ဆွဲမှုများ ပြုလုပ်ထားကြောင်း သိရသည်။

ဘုရားအနေကဇာတင်ပွဲ အခမ်းအနားတွင် သံဃာအပါး ၁ဝ၈ဝ အနက် ထေရ်ကြီးဝါကြီးသံဃာ ၅၂ ပါးအား တစ်ပါးလျှင်ငွေကျပ် ၁၅ဝဝဝဝနှင့် ဆွမ်းကပ်လှူရေစက် ချသွားမည်ဖြစ်ပြီး ကျန်သံဃာများ အားတစ်ပါးလျှင် ငွေကျပ်ငါးသောင်း၊ သင်္ကန်းတစ်စုံနှင့် ဒံပေါက်ဆွမ်းတို့ ကပ်လှူပူဇော်သွားမည် ဖြစ်ကြောင်း အဆိုပါဂေါပကအဖွဲ့ထံမှ သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger