www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, April 11, 2018

မန္တလေးရှေးဟောင်း ယဉ်ကျေးမှု နယ်မြေသို့ လာရောက် လည်ပတ်သည့် ခရီးသွားများထံမှ ဇုန်ဝင်ကြေး ငွေကျပ်သန်း ၂ဝဝဝ ကျော် ကောက်ခံရရှိ



မန္တလေး ၁၁-၄-၂ဝ၁၈

၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင် မန္တလေးရှေးဟောင်း ယဉ်ကျေးမှု နယ်မြေအတွင်းသို့ လာရောက် လည်ပတ်ကြသည့် ပြည်တွင်း၊ပြည်ပ ခရီးသွားများထံမှ ယခုနှစ်မတ်လကုန်ထိ ဇုန်ဝင်ကြေးငွေကျပ်သန်း ၂ဝဝဝ ကျော် ကောက်ခံရ ရှိခဲ့ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုး သားပြတိုက်ဦးစီးဌာန (မန္တလေး)မှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

ကောက်ခံရရှိသည့် ဇုန်ဝင်ကြေး ငွေများအနေဖြင့် ပြည်တွင်း ခရီးသွားများထံမှ ငွေကျပ် ၁၈၃၃၃ဝ၈ဝဝ နှင့် ပြည်ပခရီးသွား ဧည်သည့်များထံမှ ငွေကျပ် ၁၈၇၉၃ဝဝဝဝဝ စုစုပေါင်းငွေကျပ် ၂ဝ၆၂၆၃ဝ၈ဝဝ (သန်း ၂ဝဝဝ)ကျော် ရရှိခဲ့ကြောင်း သိရသည်။

၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်အတွင်း မန္တလေးရှေးဟောင်း ဇုန်အတွင်းသို့ ပြည်တွင်းခရီးသွား ဝင်ရောက်မှု အနေဖြင့် ယခင်ဘဏ္ဍာနှစ်ထက် သိသိသာသာတိုးတက်မှု ရှိခဲ့သော်လည်း ပြည်ပခရီးသွား ဝင်ရောက်မှုမှာ အနည်းငယ် လျော့နည်းခဲ့ကြောင်း သိရသည်။

"ဇုန်ဝင်ကြေးငွေ ကောက်ခံရရှိမှုကတော့ အရင်ဘဏ္ဍာနှစ်ထက်တော့ နည်းပါတယ်။ သိသိသာသာကြီး လျော့နည်းတာတော့ မဟုတ်ပါဘူး။ ငွေကျပ် သိန်းတစ်ရာလောက်ပါပဲ"ဟု ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (မန္တလေး) မှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

မန္တလေးရှေးဟောင်း ယဉ်ကျေးမှုနယ်မြေရှိ သတ်မှတ်ထားသော ရှေးဟောင်းယဉ်ကျေးမှု အဆောက်အအုံနှင့် နေရာများအားလုံး ဝင်ခွင့်အတွက် ပြည်ပခရီးသွား တစ်ဦးလျှင် ဇုန်ဝင်ကြေး ငွေကျပ် ၁ဝဝဝဝ ကို ငါးရက်အတွင်း လည်ပတ်ခွင့်ရှိပြီး ပြည်တွင်းခရီးသွား တစ်ဦးအတွက် ဝင်ကြေးငွေကောက်ခံရန် သတ်မှတ်ထားသော တစ်နေရာလျှင် ငွေကျပ် ၂ဝဝ ကောက်ခံကြောင်း သိရသည်။

ယဉ်ကျေးမှုပြတိုက် (မန္တလေး) အတွင်းသို့ ဝင်ရောက်သည့် ပြည်ပခရီးသွား ဧည့်သည်များကို ယခုလမှ စတင်ပြီး စက်တင်ဘာလထိ ကာလတို ဘဏ္ဍာနှစ်အတွင်း လေ့လာမှု ဝင်ကြေးငွေကျပ် ၅ဝဝဝကို သီးသန့် ကောက်ခံခြင်း မပြုတော့ဘဲ ပုံမှန်ဇုန်ဝင်ကြေးဖြင့် ဝင်ရောက်လေ့လာ နိုင်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger