www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, April 24, 2018

မှိုဝင်ချောင်းဝကင်း စခန်းအနီး၌ နေရပ်စွန့်ခွာ ရောက်ရှိသူများကို ၎င်းတို့၏နေရပ်သို့ ချောမွေ့စွာ ပြန်လည်ပို့ဆောင်


မောင်တော ၂၄-၄-၂ဝ၁၈

ရသေ့တောင်မြို့နယ် ဆင်ခုံတိုင်ကျေးရွာနေ အစ္စလာမ်ဘာသာဝင် အိမ်ထောင်စုခုနစ်စုမှ အမျိုးသား၂၁ဦး၊ အမျိုးသမီး၂၅ဦး စုစုပေါင်း ၄၆ဦးသည် တစ်ဖက်နိုင်ငံသို့ ထွက်ခွာရန် မောင်တောမြို့နယ် မှိုဝင်ချောင်းဝကင်း
စခန်းအနီး၌ နေရပ်စွန့်ခွာ ရောက်ရှိလာကြပြီး ၎င်းတို့၏သဘောဆန္ဒ အရနေရပ်သို့ပြန်သွား လိုကြောင်း သက်ဆိုင်ရာဌာန အဖွဲ့အစည်းများသို့ အကြောင်းကြား သတင်းပို့ လာခဲ့ကြောင်း သိရသည်။

ထိုသို့ သတင်းပေးပို့မှုကြောင့် ယနေ့ မွန်းလွဲပိုင်းတွင် မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ဦးရဲထွဋ္ဋ်၊ မောင်တောခရိုင် ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမောင်မောင်ကြီး၊ မောင်တောမြို့နယ် မြင်းလွတ် မြို့အုပ်ချုပ်ရေးမှူး ဦးဇာနည်ထွန်းတို့က ၎င်းတို့ကို သွားရောက်တွေ့ဆုံကာ အိမ်ထောင်စုအလိုက် ရိက္ခာဆန်များကို လတ်တလောထောက်ပံ့ ပေးအပ်ခဲ့ပြီး နေရပ်စွန့်ခွာ သူများအား မောင်တော-ဘူးသီးတောင်ကား လမ်းအတိုင်း ပြန်လည်ခေါ်ဆောင်ကာ ညနေပိုင်းတွင် ဘူးသီးတောင်မြို့နယ် ညောင်ချောင်း အမှတ် (၁ဝ) နယ်မြေစခန်း၌ ရသေ့တောင် မြို့နယ်မှ သက်ဆိုင်ရာကျေးရွာ အုပ်ချုပ်ရေးမှူးများက စောင့်ကြို၍ လွှဲပြောင်းလက်ခံ ဆောင်ရွက်ပြီး စက်လှေဖြင့် ၎င်းတို့၏ နေရပ်သို့ ချောမွေ့စွာ ပြန်လည် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger