www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, April 24, 2018

မြန်မာနိုင်ငံ၌ ယခုနှစ်လေးလ အတွင်း ၂ဝ၁၇ ခုနှစ်ထက် ငလျင်အကြိမ်ရေ ပိုမိုလှုပ်ခတ်



နေပြည်တော် ၂၄-၄-၂ဝ၁၈

မြန်မာနိုင်ငံ ပြည်တွင်း ယခုနှစ် လေးလအတွင်း လှုပ်ခတ်ခဲ့သည့် ငလျင်အကြိမ် အရေအတွက်မှာ ပြီးခဲ့သည့် ၂ဝ၁၇ ခုနှစ်တစ်နှစ်ပတ်လုံး လှုပ်ခတ်ခဲ့သည့် ငလျင်အကြိမ် အရေအတွက်ထက် ကျော်လွန်လှုပ်ခတ် ထားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန (နေပြည်တော်) ၏သတင်းထုတ်ပြန်ချက် များအရ သိရသည်။

ပြီးခဲ့သည့် ၂ဝ၁၇ ခုနှစ် တစ်နှစ်ပတ်လုံးတွင် မြန်မာနိုင်ငံ ပြည်တွင်း၌ စုစုပေါင်းငလျင် ၆၅ ကြိမ်ထိ လှုပ်ခတ်ခဲ့ပြီး ယခု ၂ဝ၁၈ ခုနှစ်ဇန်နဝါရီ ၁ ရက်မှ ဧပြီ ၂၃ ရက်ထိ လေးလအတွင်း၌ပင် စုစုပေါင်းငလျင် အကြိမ်ရေ ၆၇ ကြိမ်ထိ လှုပ်ခတ်ထားကာ သုံးလကျော်အတွင်း ၂ဝ၁၇ ခုနှစ် တစ်နှစ်ပတ်လုံး အကြိမ်ရေထက် ကျော်လွန်သွားပြီ ဖြစ်ကြောင်း သိရသည်။

ယခုနှစ်တွင် လက်ရှိယနေ့ထိ လှုပ်ခတ်ခဲ့သည့်ငလျင် ၆၇ ကြိမ်အနက် ၂၃ ကြိမ်မှာ ဖြူးမြို့အနီးကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့သည့် ငလျင်များဖြစ်ပြီး ဇန်နဝါရီ ၁၂ ရက်က ဖြူးမြို့အနီး လှုပ်ခတ်ခဲ့သည့် အင်အားရစ်(ခ်ျ)
တာစကေး ၆ အဆင့်ရှိ ငလျင်မှာ ယခုနှစ်အတွင်း လှုပ်ခတ်ခဲ့သည့် ငလျင်များအနက် အင်အားအပြင်းဆုံး ဖြစ်ကြောင်း သိရသည်။

"ဖြူးမြို့အနီး ငလျင်တွေက စစ်ကိုင်း ပြတ်ရွေ့ရဲ့ အနောက်ဘက် ကီလိုမီတာ ၅ဝလောက်မှာရှိတဲ့ အနောက်ပဲခူး ရိုးမတွန်းတင် ပြတ်ရွေ့ကလှုပ်သွားတယ်လို့ လောလောဆယ် ယူဆထားတယ်။ ဒါကငလျင်ကြီးတွေ မလှုပ်ခင် Pre Shock လို့လဲ ပြောဖို့ခက်တယ်။ ဒါပေမယ့် သတိတော့ ထားရမှာပေါ့" ဟုမြန်မာ နိုင်ငံမြေငလျင် ကော်မတီ ဒုတိယ ဥက္ကဋ္ဌဒေါက်တာ မျိုးသန့်က ပြောပြသည်။

ယခုနှစ်အတွင်း မြန်မာနိုင်ငံ ပြည်တွင်းတွင် ဇန်နဝါရီလ၌ငလျင် ၂၈ ကြိမ်၊ ဖေဖော်ဝါရီလ၌ ၁၃ကြိမ်၊ မတ်လ၌၁၁ကြိမ်နှင့် ဧပြီလ၌ ယနေ့ထိ ၁၅ကြိမ်လှုပ်ခတ်ခဲ့ပြီး ငလျင်များအကြိမ်ရေစိပ်စိပ် လှုပ်ခတ်မှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံ မြေငလျင်ကော်မတီ (Myanmar Earthquake comette) ကငလျင်သည် ကြိုတင်ခန့်မှန်း၍ မရသော ဘေးအန္တရာယ် တစ်ရပ်ဖြစ်၍ ငလျင်ကြောင့် လူမသေဘဲ လူများဆောက်လုပ် ထားသော အဆောက်အအုံများ ကြောင့်သာ လူတို့ထိခိုက် ပျက်စီးရသည်ဖြစ်ရာ အဆောက်အအုံများကို စစ်ဆေးပြင်ဆင်ခြင်း၊ မိသားစုတို့ နေထိုင်ရာ နေရာများတွင် ပြုတ်ကျနိုင်သော ပရိဘောဂများကို စစ်ဆေးပြင်ဆင်ခြင်း၊ အရေးကြုံလျှင် ထိခိုက်မှုအနည်းဆုံး ဖြစ်အောင်မည်သို့ တုံ့ပြန်ဆောင်ရွက် ကြမည်ကို စဉ်းစားထားခြင်း၊ အစိုးရဌာန များကလည်း မိမိတို့၏ကာကွယ် ကူညီရေးအဖွဲ့များ၊ ယန္တရားများကို စဉ်းစားသိရှိ သတိရှိခြင်း စသည်တို့ကို ကြိုတင်ပြင်ထား သင့်ကြောင်း သတိပေး ချက်ထုတ်ပြန် ထားသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger