www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, April 24, 2018

ယာဉ်တစ်စီး မြောင်းအတွင်း ထိုးကျမှုဖြစ်ပွား



မိတ္ထီလာ ၂၄-၄-၂ဝ၁၈

မိတ္ထီလာမြို့နယ် မိတ္ထီလာ ကျောက်ပန်းတောင်း ကားလမ်းမိုင်တိုင် အမှတ် (၁၇/၁) တွင် ညောင်ပင်သာ ကျေးရွာအနီးတွင် ယနေ့နံနက် ၇ နာရီမိနစ် ၃ဝ ခန့်က ယာဉ်တစ်စီး တိုက်ရော့ပြုတ်၍ မြောင်းအတွင်း ထိုးကျမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အလည်ရွာ ရဲကင်းစခန်းမှ ခေတ္တစခန်းမှူး ရဲအုပ်လှမြင့်ဦးနှင့် တပ်ဖွဲ့ဝင်များသည် မိတ္ထီလာ ကျောက်ပန်းတောင်း ကားလမ်းမိုင်တိုင် အမှတ် (၁၇/၁) တွင် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်း သတင်းအရ သက်သေများနှင့်အတူသွားရောက်စစ်ဆေးရာ ယာဉ်မောင်း နေဝင်းဟန် (ဘ) ဦးအောင်ထွန်းမြိုင် မြောက်ဥက္ကလာပမြို့နယ် ရန်ကုန်မြို့နေသူ မောင်းနှင်လာလာ ယာဉ်အမှတ် 3K/----HYUNDAI ဖြူပြာကျားရောင် ခြောက်ဘီးမှန်လုံ ပတ္တမြားရွှေစင် ဘုရားဖူးယာဉ်သည် ရန်ကုန်ဘက်မှ အမြန်လမ်းမကြီးအတိုင်း ပုပ္ပားဘက်သို့ ဘုရားဖူးသွားရာမှ ကား၏ရှေ့ယာဘက် တိုက်ရော့ပြုတ်၍ လမ်းယာဘက်ရှိ ဆယ်ပေခန့်နက်သော မြောင်းအတွင်းသို့ ထိုးကျသွားသည်။

ထိုသို့ယာဉ် ထိုးကျမှုကြောင့် ယာဉ်ပေါ်ပါခရီးသည် ၄၉ ဦးအနက် ယာဉ်မောင်းပါ ခရီးသည်ဦးရေ ၃ဝ သည် ဒဏ်ရာ (မစိုးရိမ်ရ) များရရှိခဲ့သဖြင့် မိတ္ထီလာ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေပြီး ကျန်ခရီးသည် ၁၉ ဦးမှာ ထိခိုက်ဒဏ်ရာ တစ်စုံတစ်ရာရရှိခဲ့ခြင်း မရှိကြောင်း သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်မောင်း နေဝင်းဟန်ကို ရဲအုပ်လြှမင့်ဦး က တရားလိုပြုလုပ် တိုင်တန်းသဖြင့် အလည်ရွာ ရဲကင်းစခန်းက ယာဉ်(ပ)၆/၂ဝ၁၈၊ ရာဇသတ်ကြီး ပုဒ်မ-၃၃၇/၃၃၈ဖြင့် အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်းသတင်း ရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger