နေပြည်တော် ၉-၄-၂ဝ၁၈
ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးက ပြေးဆွဲပေးနေသော ရေယာဉ် ခရီးစဉ်အချို့ကို ယခုနှစ် မဟာသင်္ကြန် ကာလအတွင်း ယာယီရပ်နား ထားမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး၏ သတင်းများအရ သိရသည်။
ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး အနေဖြင့် ယခုနှစ် မဟာသင်္ကြန် ကာလအတွင်းသယ်ယူ ပို့ဆောင်ရေး ဌာနခွဲများမှ ခရီးစဉ်အချို့ကို ယာယီရပ်နားရာတွင် မြစ်ဝကျွန်းပေါ်ဌာနခွဲ၊ ရန်ကုန်-ကျုံမငေးခရီးစဉ်တွင် ဧပြီ ၁၄ရက် ရန်ကုန်မှ ထွက်ခွာမည့် ရန်ကုန်-ကျုံမငေး ခရီးစဉ်သည် သင်္ကြန်အကျနေ့ဖြစ်၍ ပြေးဆွဲခြင်းမပြုဘဲ ယာယီရပ်နားထားမည် ဖြစ်ကြောင်း၊ ရန်ကုန်လပွတ္တာ (အပြင်လမ်း) ခရီးစဉ်မှာ ဧပြီ ၁၃ရက် ရန်ကုန်မှထွက်ခွာမည့် ရက်သည် သင်္ကြန် အကြိုနေ့ဖြစ်၍ ခရီးစဉ်ပြေးဆွဲ ခြင်းမပြုဘဲ ယာယီရပ်နားထားမည် ဖြစ်ကြောင်း သိရသည်။
ထို့အတူ ရန်ကုန်-ဘိုကလေး ခရီးစဉ်တွင် ဧပြီ ၁၄ ရက် ရန်ကုန်မှ ထွက်ခွာမည့် ရက်သည် သင်္ကြန်အကျနေ့ ဖြစ်၍ ခရီးစဉ်ပြေးဆွဲခြင်း မပြုဘဲယာယီ ရပ်နားမည်ဖြစ်ပြီး ရန်ကုန်-လပွတ္တာ (အတွင်းလမ်း) ခရီးစဉ်တွင် ဧပြီ ၁ဝ ရက်နေ့ထွက် ခွာမည့် ခရီးစဉ်သည် ခရီးဆုံးဖြစ်သော လပွတ္တာတွင် ရပ်နားထားပြီး ဧပြီ ၁၈မှ ရန်ကုန်သို့ ပြန်လည် ထွက်ခွာမည်ဖြစ်၍ ဧပြီ ၁၇ရက်နေ့ထွက် ခရီးစဉ်ကို ယာယီရပ်နား ထားရမည်ဖြစ်ကြောင်း သိရသည်။
ဧရာဝတီဌာနခွဲ၏ ခရီးစဉ် တစ်ခုဖြစ်သည့် မန္တလေး-ဗန်းမော် (ထူးမြန်) ခရီးစဉ် တွင်မန္တလေးမှဧပြီ ၁၂ ရက်နေ့ ထွက်ခွာမည့် ပြဒါးရှင် ရေယာဉ်သည် ဗန်းမော်မြို့တွင် သင်္ကြန်ကာလအတွင်း ရပ်နားမည် ဖြစ်သည်။ ရခိုင်ဌာနခွဲမှ စစ်တွေဘူး သီးတောင်ခရီးစဉ်ကို ဧပြီ ၁၄ ရက်မှ ၁၇ ရက်ထိရပ်နားထားပြီး စစ်တွေ-ကျောက်ဖြူ ခရီးစဉ်များကို ဧပြီ ၁၃ရက်မှ ၁၇ရက်ထိ ရပ်နားထားမည်ဖြစ်ကြောင်း သိရသည်။
#Yadanarpondaily






No comments:
Post a Comment