www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, April 4, 2018

၂ဝ၁၉ ခုနှစ်အတွင်း ရောင်းချသည့် အဆောက်အအုံ သုံးပစ္စည်းများ အရည်အသွေး ပြည့်မီစွာ ရောင်းချခြင်း ရှိ၊မရှိ စစ်ဆေးမည်



မန္တလေး ၄-၄-၂ဝ၁၈

၂ဝ၁၉ ခုနှစ်အတွင်း မန္တလေးတိုင်း ဒေသကြီး၌ ရောင်းချနေသည့် အဆောက်အအုံသုံး ကုန်ပစ္စည်းများ အရည်သွေးပြည့်မီစွာ ရောင်းချခြင်းရှိ၊မရှိ စစ်ဆေးမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း စားသုံးသူ အငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ယခုအခါ မန္တလေးတိုင်း ဒေသကြီးအတွင်း၌ အဆောက်အအုံ သုံးကုန်ပစ္စည်းများ ရောင်းချမှုများအပြင် ဝန်ဆောင်မှု လုပ်ငန်းများကို လုပ်ကိုင်လျက်ရှိပြီး ၎င်းတို့လုပ်ကိုင် ရောင်းချသည့် ကုန်ပစ္စည်းများတွင် စားသုံးသူ နစ်နာဆုံးရှုံးမှု မဖြစ်ပေါ်စေရန်အတွက် အဆောက်အအုံ သုံးကုန်ပစ္စည်း အရောင်းဆိုင်များကို စစ်ဆေးမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

"ဒီစစ်ဆေးမှုတွေကို ဒီနှစ်တော့ မစနိုင်သေးပါဘူး။ နောက်နှစ်မှ စစ်ဆေးမှု ပြုလုပ်သွားမှာပါ။ အဓိကကတော့ အိမ်ဆောက် ပစ္စည်းတွေ ဖြစ်တဲ့ သွပ်၊သံ၊ ရေပိုက်စတာတွေကို စစ်ဆေးသွားမှာပါ။ တချို့ဆိုင်တွေ ရောင်းချတာတွေရှိတယ်။ ဥပမာသွပ်က ပေဘယ်လောက် ရှိတယ်ဆိုပြီး ရောင်းတယ်။ တကယ်တိုင်း တာကြည့်ရင် သတ်မှတ်တဲ့ ပေမပြည့်မီပါဘူး။ ဒါကြောင့် စားသုံးသူနစ်နာမှု မရှိအောင် စစ်ဆေးမှုတွေ ပြုလုပ်သွားမှာ ဖြစ်ပါတယ်"ဟု ၎င်းက ပြောပြသည်။

မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ စားသုံးသူပြည်သူများ အနေဖြင့် ကုန်စည်များဖြစ်သည့် အစားအသောက်များ၊ လျှပ်စစ်ပစ္စည်းများ၊ အီလက်ထရွန်နစ် ပစ္စည်းများ၊ ဆောက်လုပ်ရေးသုံး ပစ္စည်းများ၊ စက်နှင့်စက် ပစ္စည်းများ၊ အလှကုန် ပစ္စည်းများ၊လူသုံးကုန်ပစ္စည်း အမျိုးမျိုးစသည်တို့အပြင် ဝန်ဆောင်မှု လုပ်ငန်းများကို ဝယ်ယူသုံးစွဲရာတွင် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ပါက စားသုံးသူရေးရာ ဦးစီးဌာနရုံးသို့ တိုင်ကြားနိုင်ကြောင်း သိရသည်။

"ဒီနှစ်မှာလဲ ကုန်စည်နဲ့ ဝန်ဆောင်မှုတွေကို ဝယ်ယူ သုံးစွဲပြီးတော့ စားသုံးသူတွေ စိတ်ကျေနပ်မှု မရှိလို့ လာတိုင်ကြားတာ တွေရှိပါတယ်။ နောက်နှစ်မှာဆိုရင် အဆောက်အအုံ သုံးပစ္စည်းတွေ အလျားအနံ ပြည့်မီတာ ရှိ၊မရှိစစ်ဆေးမှာပါ။ အရည်အသွေး မပြည့်ဝဘဲ ရောင်းချ နေတဲ့ဆိုင်တွေ တွေ့ရှိခဲ့ရင် အရေးယူမှုတွေ ပြုလုပ်သွားမှာ ဖြစ်ပါတယ်"ဟု ၎င်းက ဆက်လက် ပြောပြ၍ သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger