www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, April 25, 2018

သိမ်းဆည်းမြေဆိုင်ရာ လုပ်ငန်းစိစစ်ရေး အဖွဲ့(၃)နှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်း ခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီတို့ ညှိနှိုင်း အစည်းအဝေးကျင်းပ



စစ်တွေ ၂၅-၄-၂ဝ၁၈

သိမ်းဆည်းမြေဆိုင်ရာ လုပ်ငန်းစိစစ်ရေး အဖွဲ့(၃)နှင့် ပြည်နယ်၊ ခရိုင်၊မြို့နယ် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်း ခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီတို့၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်၉ နာရတွင် ပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ညှိနှိုင်း အစည်းအဝေးတွင် ရခိုင်ပြည်နယ် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်း ခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျေးလက်နေ ပြည်သူ၇ဝ ရာခိုင်နှုန်းသည် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများဖြင့် လုပ်ကိုင်စားသောက် နေကြသူများ ဖြစ်ကြကြောင်း၊ ယခင်အစိုးရ လက်ထက်မှစပြီး သိမ်းဆည်းခံမြေနှင့် ပတ်သက်၍ ပြည်ထောင်စုအဆင့် ကော်မတီများဖွဲ့ပြီးဆောင်ရွက်ခဲ့ကာ ယခုအစိုးရ လက်ထက်တွင်လည်း လယ်ယာမြေနှင့် အခြားမြေများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီကို ဒုတိယသမ္မတ (၂) ကိုယ်တိုင် ဦးဆောင်ဖွဲ့စည်းကာ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်ဆင့် တွင်လည်းကော်မတီများ ဖွဲ့စည်းပြီး ဆောင်ရွက် နေပါကြောင်း။ ထို့ကြောင့် ကော်မတီအနေဖြင့် ဆောင်ရွက်ရမည့် လုပ်ငန်းများ အပေါ်တွင် တာဝန်ကျေကျေဖြင့် အတတ်နိုင်ဆုံး အကောင်းဆံုး ဖြစ်အောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ တာဝန်ပိုင်းထက် တစ်ဦးချင်းက စေတနာထားကာ ဆောင်ရွက်မည်ဆိုလျှင် ပိုပြီးအောင်မြင်မည်ဟု ယုံကြည်ပါကြောင်း၊ မိမိတို့အနေဖြင့် ဗဟိုကော်မတီမှ ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများ၊ ညွှန်ကြားချက်များနှင့် အညီ ညှိနှိုင်းဆောင်ရွက် သွားမည် ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် သိမ်းဆည်းမြေဆိုင်ရာ လုပ်ငန်းစိစစ်ရေး အဖွဲ့(၃) ၏ ဒုတိယ အဖွဲ့ခေါင်းဆောင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊  ဒုတိယဝန်ကြီး ဦးလှကျော်က လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်း ခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီက ချမှတ်ထားသော မူဝါဒများကိုရှင်းလင်း ပြောကြားသည်။ ဆက်လက်၍ ပြည်နယ်လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီအတွင်းရေးမှူး၊ ပြည်နယ်လယ်ယာ မြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးကျော်ငြိမ်းနှင့် ခရိုင်လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်း ခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီဥက္ကဋ္ဌများက မြေယာအမှုတွဲများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။ ရှင်းလင်းတင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးနှင့် ကော်မတီဝင်များက ပြန်လည်ညှိနှိုင်း ဆွေးနွေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားသည်။

ညှိနှိုင်းဆွေးနွေး ပွဲသို့ပြည်နယ်ဝန်ကြီးများ၊ သိမ်းဆည်းမြေဆိုင်ရာ လုပ်ငန်း စိစစ်ရေးအဖွဲ့ (၃) ၏ အဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်များမှ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်း ခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ တောင်သူလယ်သမား ရေးရာလူမှု အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြကြောင်း သတင်းရရှိသည်။

သိမ်းဆည်းမြေဆိုင်ရာ လုပ်ငန်းစိစစ်ရေး အဖွဲ့(၃)နှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီတို့၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပစဉ်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger