www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, April 2, 2018

မန္တလေး ပုသိမ်ကြီးမြို့နယ် (၁၆) မိုင် စစ်ဆေးရေးစခန်းတွင် ရှေးဟောင်းဘုရားများနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိ



မန္တလေး ၂-၄-၂ဝ၁၈

မန္တလေး ပုသိမ်ကြီးမြို့နယ် ကျောက်ချောကျေးရွာ (၁၆)မိုင် စစ်ဆေးရေးစခန်းတွင် ၁၂ဘီး ယာဉ်တစ်စီးပေါ်မှ ရှေးဟောင်း ဘုရားများနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိခဲ့ကြောင်း အုန်းချော နယ်မြေရဲစခန်းမှ သိရသည်။

အကောက်ခွန် ဦးစီးဌာနမှ ဒုတိယ အကောက်ခွန်မှူး ဦးအောင်စိုးသန်းနှင့်အဖွဲ့ (၁၆)မိုင် စစ်ဆေးရေးစခန်းတွင် လုံခြုံရေး ဆောင်ရွက်နေသော ဒုတိယရဲအုပ် ခင်မောင်မြင့်နှင့် တပ်ဖွဲ့ဝင်များ သည် မတ် ၃၁ရက် ည ၇နာရီ ၁၅ မိနစ်က (၁၆)မိုင် စစ်ဆေးရေး စခန်းတွင် မန္တလေးမှ နောင်ချို ဘက်သို့ ယာဉ်မောင်း မင်းဇော်မောင်းနှင်သည့် 8F/---- Nissan Diesel ၁၂ဘီးယာဉ်ကို ရပ်တန့် စစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးရာ ယာဉ်ပေါ်တွင် တရားဝင် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ မပါရှိဘဲ ရှေးဟောင်းကြေး ပုရပိုက်ဟု ယူဆရသော ပုရပိုက် ၆၉ခု၊ ရှေးဟောင်းဘုရားဟု ယူဆရသော ဆင်းတုတော် ၄ ဒသမ ၅ လက်မခန့် ရှစ်ဆူ၊ ခြောက်လက်မ ခန့်တစ်ဆူ၊ ရှေးဟောင်း ကြေးလက်ကောက်ဟု ယူဆရသော လက်ကောက်နှစ်ကွင်း၊ ပုရပိုက်အခင်းဟု ယူဆရသော ရောင်စုံအထည် ၅၃ ထည်၊ ပုရပိုက်ချည်ကြိုး ၂၄ခွေတို့ကို ရှာဖွေတွေ့ရှိ ခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်း မင်းဇော် အမှတ်(၆) ရပ်ကွက် ကျောက်ချောကျေးရွာ ပုသိမ်ကြီးမြို့နယ် မန္တလေးမြို့နေသူကို ဒုတိယ အကောက်ခွန်မှူး ဦးအောင်စိုးသန်းက တရားလိုပြုလုပ် တိုင်တန်းသဖြင့် အုန်းချော နယ်မြေရဲစခန်းက (ပ)၅၆/၂ဝ၁၈၊ ရှေးဟောင်းဝတ္ထု ပစ္စည်းများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေပုဒ်မ-၁၈(က)ဖြင့် အမှုဖွင့် ဆောင်ရွက်ထားကြောင်း သတင်းရရှိသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger