www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, March 9, 2018

၂ဝ၁၇ -၂ဝ၁၈ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ ဆက်လက်ဖြေဆို



ရန်ကုန် ၉-၃-၂ဝ၁၈

၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ်၏ တက္ကသိုလ်ဝင် စာမေးပွဲ ဒုတိယနေ့အဖြစ် အင်္ဂလိပ်စာ ဘာသာရပ်ကို နိုင်ငံတစ်ဝန်းရှိ သက်ဆိုင်ရာ ကျောင်းများ၌ ယနေ့နံနက်ပိုင်းတွင် ဖြေဆိုခဲ့ကြောင်း သိရသည်။

''ဒီစာမေးပွဲက သားတို့ရဲ့ဘဝကို တစ်ဆစ်ချိုး ပြောင်းလဲစေမယ့် အချိုးအကွေ့တစ်ခုပါ။ သားတို့ကိုယ်တိုင် အားထည့် အပင်ပန်းခံ ကြိုးစားထားသလို မိဘတွေကလည်း အချိန်ပြည့်နီးပါး ပံ့ပိုးမှုတွေလုပ်ပေး ခဲ့ရပါတယ်။အခက်အခဲ တွေကို ကျော်လွှားနိုင်ဖို့ ကြိုတင်ပြင်ဆင်မှုတွေ အကောင်းဆုံး လုပ်ထားပါတယ်။ ဒီနေ့က အင်္ဂလိပ်စာပါ၊ ဖြေနိုင်ပါတယ်။ မနေ့က မြန်မာစာလည်း တော်တော်ဖြေနိုင်ခဲ့ပါတယ်။ ဘာသာရပ်အားလုံး ဖြေနိုင်မယ်လို့ ယုံကြည်ပါတယ်'' ဟု ရန်ကုန်တိုင်း ဒေသကြီး ရန်ကင်းမြို့နယ် အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၌ ဖြေဆိုသည့် အောင်အကယ်ဒမီ ကျောင်းမှ မောင်အောင်မြင့်မြတ်က ပြောသည်။

ယနေ့တွင် နိုင်ငံတစ်ဝန်း၌ အင်္ဂလိပ်စာ ဘာသာရပ်ဖြေဆိုသူ ပေါင်း ၇၈၉ဝ၇ဝ ဦးရှိပြီး ပျက်ကွက်သူပေါင်း ၅၅၂၈၈ ဦးရှိသည်။ ထို့ကြောင့် မြန်မာစာဘာသာရပ် ဖြေဆိုသည့် ရက်တွင် ပျက်ကွက်သူဦးရေ ၅၄၄၇၅ ဦးရှိသည့် အတွက် ယနေ့ပျက်ကွက် သူဦးရေ ၈၁၃ ဦးများလာခဲ့ကြောင်း ပညာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger