www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, March 28, 2018

(၇၃)နှစ်မြောက်တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် ဆုရရှိသော စစ်ရေးပြတပ်ခွဲများအား ဆုချီးမြှင့်ပွဲ ကျင်းပ


ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီးမြထွန်းဦး (၇၃)နှစ်မြောက် တပ်မတော်နေ့ စံပြတပ်ခွဲပထမဆုရရှိသော ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ) ကိုယ်စားပြု စစ်ရေးပြ ဂုဏ်ပြုတပ်ခွဲအား ဆုပေးအပ်စဉ်။

လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့အရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီးတင်မောင်ဝင်း (၇၃)နှစ်မြောက်
တပ်မတော်နေ့ အကောင်းဆုံးစခန်း ဒုတိယဆုရရှိသော လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့
အရာရှိချုပ်ရုံး ကိုယ်စားပြု စစ်ရေးပြတပ်ခွဲအား ဆုပေးအပ်စဉ်။

(၇၃)နှစ်မြောက် တပ်မတော်နေ့ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီးမောင်မောင်အေး (၇၃)နှစ်မြောက် တပ်မတော်နေ့ အထူးတာဝန်တပ်ဖွဲ့(အမျိုးသမီး)တပ်ခွဲဂုဏ်ပြုဆုရရှိသော အထူးတာဝန်တပ်ဖွဲ့(အမျိုးသမီး)တပ်ခွဲအား ဆုပေးအပ်စဉ်။

နေပြည်တော် ၂၈-၃-၂ဝ၁၈

(၇၃)နှစ်မြောက်တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် ဆုရရှိကြသော စစ်ရေးပြတပ်ခွဲများအား ဆုချီးမြှင့်ပွဲ ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ စုရပ်သစ်တပ် စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး တက်ရောက်၍ ဆုများကို ပေးအပ်ချီးမြှင့်သည်။

ဦးစွာ ဆုချီးမြှင့်ပွဲသို့ တက်ရောက်လာသည့် ဗိုလ်ချုပ်ကြီးမြထွန်းဦး အား စစ်ရေးပြမှူးကြီး ဗိုလ်မှူးချုပ် အောင်အောင် ဦးဆောင်သည့် စစ်ရေးပြစစ်ကြောင်းများက အလေးပြုကြသည်။

ထို့နောက် (၇၃)နှစ်မြောက်တပ်မတော်နေ့ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး မောင်မောင်အေး က စစ်ရေးပြဂုဏ်ပြုဆုများရရှိကြသော ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ) ကိုယ်စားပြုအထူးတပ်ဖွဲ့နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ)ကိုယ်စားပြုတပ်ဖွဲ့တို့အားလည်းကောင်း၊ အထူး တာဝန်တပ်ဖွဲ့ (အမျိုးသမီး)တပ်ခွဲဂုဏ်ပြုဆုကို အထူးတာဝန်တပ်ဖွဲ့ (အမျိုးသမီး)တပ်ခွဲ အားလည်းကောင်း၊ ဗဟိုစစ်တီးဝိုင်းအဖွဲ့ဂုဏ်ပြုဆုကို ဗဟိုစစ်တီးဝိုင်းအဖွဲ့အားလည်းကောင်း ၊ အလံကိုင်အဖွဲ့ ဂုဏ်ပြုဆုကို တပ်မတော်(ကြည်း)အမျိုးသမီး အလံကိုင်အဖွဲ့အားလည်းကောင်း၊ မြင်းစီးစစ်ရေးပြတပ်စု ဂုဏ်ပြုဆုကို မြင်းစီးစစ်ရေးပြတပ်စုအားလည်းကောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲတီးဝိုင်းဂုဏ်ပြုဆုကို မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲတီးဝိုင်းအဖွဲ့အား လည်းကောင်း၊အလံကိုင်အဖွဲ့အကောင်းဆုံးဆုကို ဘုရင့်နောင်စစ်ကြောင်း ကိုယ်စားပြု အလံကိုင်အဖွဲ့အားလည်းကောင်း၊ စစ်တီးဝိုင်းအဖွဲ့အကောင်းဆုံးဆုကို အနော်ရထာစစ်ကြောင်း ကိုယ်စားပြု စစ်တီးဝိုင်းအဖွဲ့အားလည်းကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့် သည်။

ဆက်လက်၍ အကောင်းဆုံးစခန်း တတိယဆုရရှိသော အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ကိုယ်စားပြုစစ်ရေး ပြတပ်ခွဲအားလည်းကောင်း၊ စစ်ချီသီချင်းအကောင်းဆုံး တတိယဆုရရှိသော အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ်စားပြု စစ်ရေးပြတပ်ခွဲအားလည်းကောင်း ၊ စစ်စည်းကမ်းအကောင်းဆုံး တတိယဆုရရှိသော စစ်လက်နက် ပစ္စည်းညွှန်ကြားရေးမှူးရုံးကိုယ်စားပြု စစ်ရေးပြတပ်ခွဲအားလည်းကောင်း၊ စစ်ရေးပြအကောင်းဆုံး တတိယ ဆုရရှိသော လျှပ်စစ်နှင့်စက်မှုအင်ဂျင်နီယာညွှန်ကြားရေးမှူးရုံး ကိုယ်စားပြု စစ်ရေးပြတပ်ခွဲတို့အား လည်း ကောင်း ဆုများအသီးသီးပေးအပ်ချီးမြှင့်သည်။

ထို့နောက် လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့အရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး တင်မောင်ဝင်းက အကောင်းဆုံးစခန်း ဒုတိယဆုရရှိသော လေကြောင်းရန်ကာကွယ်ရေး တပ်ဖွဲ့အရာရှိချုပ်ရုံး ကိုယ်စားပြု စစ်ရေးပြတပ်ခွဲအားလည်းကောင်း၊ စစ်ချီသီချင်း အကောင်းဆုံး ဒုတိယဆုရရှိသော ကာကွယ်ရေးဦးစီးချုပ်ရုံး (လေ)ကိုယ်စားပြုစစ်ရေးပြ တပ်ခွဲ(၁)အားလည်းကောင်း၊ စစ်စည်းကမ်းအကောင်းဆုံး ဒုတိယဆုရရှိသော သံချပ်ကာ ယန္တရားတပ်ဖွဲ့ညွှန်ကြားရေးမှူးရုံးကိုယ်စားပြု စစ်ရေးပြတပ်ခွဲ အားလည်းကောင်း ၊စစ်ရေးပြ အကောင်းဆုံး ဒုတိယဆုရရှိသော အမြောက်တပ်ဖွဲ့ညွှန်ကြားရေးမှူးရုံး ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ အားလည်းကောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့(အမျိုးသမီး)စစ်ရေးပြတပ်ခွဲ ဒုတိယဆုရရှိသော မြန်မာနိုင်ငံရဲတပ်ဖွဲ့ (အမျိုးသမီး)စစ်ရေးပြဂုဏ်ပြုတပ်ခွဲ အားလည်းကောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ (အမျိုးသား)စစ်ရေးပြတပ်ခွဲ ဒုတိယဆုရရှိသော မြန်မာနိုင်ငံရဲတပ်ဖွဲ့ (အမျိုးသား) စစ်ရေးပြတပ်ခွဲ( ၂ )အားလည်းကောင်း၊ တပ်မတော် (ကြည်း)(အမျိုးသမီး)စစ်ရေးပြတပ်ခွဲ ဒုတိယဆုရရှိသော တပ်မတော်(ကြည်း) (အမျိုးသမီး)စစ်ရေးပြဂုဏ်ပြု တပ်ခွဲ အားလည်းကောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ (အမျိုးသမီး)စစ်ရေးပြတပ်ခွဲ ပထမဆုရရှိသော မြန်မာနိုင်ငံရဲ တပ်ဖွဲ့(အမျိုးသမီး) စစ်ရေးပြတပ်ခွဲ(၁)အားလည်းကောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ (အမျိုးသား)စစ်ရေးပြတပ်ခွဲ ပထမဆုရရှိသော မြန်မာနိုင်ငံရဲတပ်ဖွဲ့ (အမျိုးသား) စစ်ရေးပြတပ်ခွဲ( ၃ )အားလည်းကောင်း၊ တပ်မတော် (ကြည်း) (အမျိုးသမီး)စစ်ရေးပြတပ်ခွဲ ပထမဆုရရှိသော တပ်မတော်(ကြည်း) (အမျိုးသမီး)စစ်ရေးပြတပ်ခွဲ( ၁ ) တို့အားလည်းကောင်း ဆုများအသီးသီးပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ အကောင်းဆုံးစခန်း ပထမဆုရရှိသော ကာကွယ်ရေးဦးစီးချုပ်ရုံး (ရေ)ကိုယ်စားပြုစစ်ရေးပြ တပ်ခွဲအားလည်းကောင်း၊ စစ်ချီသီချင်းအကောင်းဆုံး ပထမဆုရရှိသော ထောက်ပံ့နှင့်ပို့ဆောင်ရေး ညွှန်ကြားရေးမှူးရုံး ကိုယ်စားပြုစစ်ရေးပြ တပ်ခွဲအားလည်းကောင်း ၊ စစ်စည်းကမ်းအကောင်းဆုံး ပထမဆု ရရှိသော ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ရုံး ကိုယ်စားပြု စစ်ရေးပြတပ်ခွဲအားလည်းကောင်း၊ စစ်ရေးပြအကောင်းဆုံး ပထမဆုရရှိသော ဆက်သွယ်ရေးညွှန်ကြားရေးမှူးရုံး ကိုယ်စားပြု စစ်ရေးပြ တပ်ခွဲအားလည်းကောင်း ဆုများအသီးသီးပေးအပ်ချီးမြှင့်သည်။

ယင်းနောက် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး က စံပြတပ်ခွဲတတိယဆုရရှိသော ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ)ကိုယ်စားပြု စစ်ရေးပြ ဂုဏ်ပြုတပ်ခွဲအားလည်းကောင်း၊ စံပြတပ်ခွဲ ဒုတိယဆု ရရှိသော စစ်အင်ဂျင်နီယာညွှန်ကြား ရေးမှူးရုံးကိုယ်စားပြုစစ်ရေးပြတပ်ခွဲအားလည်းကောင်း၊ စံပြတပ်ခွဲ ပထမ ဆုရရှိသော ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ) ကိုယ်စားပြု စစ်ရေးပြဂုဏ်ပြုတပ်ခွဲအားလည်းကောင်း ဆုများ အသီးသီးပေးအပ်ချီးမြှင့်သည်။

ထို့နောက် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ)ဗိုလ်ချုပ်ကြီး မြထွန်းဦး က ဂုဏ်ပြုအမှာစကားပြောကြားပြီး ဆုချီးမြှင့်ပွဲကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger