www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, March 15, 2018

ပျဉ်းမနားမြို့တွင် ငွေစက္ကူ အတုများထုတ်ကာ အသေးစားငွေရေး ကြေးရေးလုပ်ငန်း လုပ်ကိုင်နေသူနှစ်ဦးကို အရေးယူထား



နေပြည်တော် ၁၅-၃-၂ဝ၁၈

နေပြည်တော် ပြည်ထောင်စုနယ်မြေရှိ ဒက္ခိဏသီရိခရိုင်၊ ပျဉ်းမနားမြို့နယ်တွင် ငွေစက္ကူအတုများ ထုတ်ကာ အသေးစားငွေရေး ကြေးရေးလုပ်ငန်း လုပ်ကိုင်နေသူ နှစ်ဦးကို တစ်သောင်းတန် ငွေစက္ကူအတုများ တွေ့ရှိမှုနှင့် ပတ်သက်၍ ကွင်းဆက်ရှာဖွေ တွေ့ရှိချက်အရ အရေးယူမှုများပြုလုပ်နိုင်ရန် ဆက်လက်ဆောင်ရွက်ထားကြောင်း ပုဗ္ဗသီရိမြို့နယ်၊ ကျည်တောင်ကန် နယ်မြေရဲစခန်းမှ သိရသည်။

ဥတ္တရသီရိခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ခင်မောင်သန်း၊ ပုဗ္ဗသီရိမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းဌေးအောင်၊ ကျည်တောင်ကန်နယ်မြေရဲ စခန်းမှူး ရဲအုပ်ကျော်မင်းသူနှင့် ရဲတပ်ဖွဲ့ဝင်များ၊ ပျဉ်းမနားမြို့နယ် ရဲတပ်ဖွဲ့မှူးရဲမှူးကြည်ဝင်း၊ စခန်းမှူးဒုရဲမှူးသန်းထိုက်နှင့် ရဲတပ်ဖွဲ့ဝင်များသည် ယနေ့မွန်းလွဲ ၂နာရီက ပုဗ္ဗသီရိမြို့နယ်၊ ဥယျာဉ်ရွာတွင် ငွေစက္ကူတစ်သောင်းကျပ် တန်အတုများ တွေ့ရှိမှုနှင့်ပတ်သက်၍ ကွင်းဆက်အရ ဆက်လက်ရှာဖွေရာ ပျဉ်းမနားမြို့၊ မင်္ဂလာရပ်ကွက်၊ ဦးဘွား(၄) လမ်း၊ အမှတ်(၄၇)ရှိ နေမင်းရောင်ခြည်အသင်း (The San Institude Myanmar) အသေးစား ငွေရေးကြေးရေး လုပ်ငန်းစီမံချက် (ပျဉ်းမနား)ရုံးမှ ငွေကိုင်ဖြစ်သူ မချစ်စုဝေ (ဘ)ဦးသောင်းရွှေ၊ အမှတ် (၄/၂ဝ)၊ ကုန်ထုတ်လမ်း၊ ဦးမင်းဒင်ကျေးရွာ၊ တောင်သာအုပ်စု၊ ပျဉ်းမနားမြို့နေသူနှင့် စီမံကိန်းညှိနှိုင်းရေးမှူး မအိဖြူအေး (ဘ) ဦးစိန်လှိုင်၊ ရုံးတွင် နေထိုင်သူတို့နှစ်ဦးထံမှ ငွေကျပ် တစ်သောင်းတန် ငွေစက္ကူအတု ၃၂ ရွက်ကို ထပ်မံရှာဖွေ သိမ်းဆည်းခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ၎င်းတို့နှစ်ဦးကို စစ်ဆေးမေးမြန်းရာ အဆိုပါရုံးအပေါ်ထပ်တွင် Sharp Mx 2310F အမျိုးအစားကာလာ ပရင်တာနှင့် မိတ္တူကူးစက်တို့ဖြင့် ငွေစက္ကူအတု ငွေကျပ်၁၇ သိန်းငါးသောင်းကို ၎င်းတို့နှစ်ဦးက ထုတ်ယူခဲ့ပြီး ထိုငွေများဖြင့် အသေးစား ငွေရေးကြေးရေး လုပ်ငန်းလုပ်ကိုင် လျက်ရှိကြောင်း၊ အဆိုပါငွေစက္ကူ အတုများထဲမှ ပုဗ္ဗသီရိမြို့နယ်၊ ဥယျာဉ်ရွာတွင် ငွေကျပ်၁၁သိန်း၊ ၎င်းတို့ကုမ္ပဏီတွင် ငွေကျပ် ၃၂ဝဝဝဝတို့ကို သိမ်းဆည်း ရမိခဲ့ပြီး ကျန်ရှိနေသော ငွေစက္ကူအတုများကို ဆက်လက်စုံစမ်းလျက်ရှိကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ရှာဖွေတွေ့ရှိသည့် ငွေစက္ကူ အတု ၃၂ ရွက်၊ကာလာပရင်တာနှင့် မိတ္တူကူးစက်တို့ကို ရှာဖွေပုံစံရေး သွင်းသိမ်းဆည်းခဲ့ကာ ပြစ်မှုကျူးလွန်သူနှစ်ဦး တရားဥပဒေအရ အရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း ပုဗ္ဗသီရိမြို့နယ်၊ ကျည်တောင်ကန်နယ်မြေ ရဲစခန်းမှ သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger