www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, March 15, 2018

တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်) နှင့် မြစ်ရေယာဉ် (စကု) တို့ ဧရာဝတီမြစ်ကြောင်း တစ်လျှောက်ရှိ ကျေးရွာများမှ ဒေသခံပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက်ဆောင်ရွက်


တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)တို့မှ တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့များက ဒေသခံပြည်သူများအားကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ
 ဆောင်ရွက်ပေးစဉ်။

တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်) နှင့် မြစ်ရေယာဉ် (စကု) တို့မှ တပ်မတော်နယ်လှည့်အထူးကုဆေး အဖွဲ့များက ကလေးငယ် တစ်ဦးအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ
 ဆောင်ရွက်ပေးစဉ်။

နေပြည်တော် ၁၅-၃-၂ဝ၁၈

ဧရာဝတီမြစ်ကြောင်း တစ်လျှောက်ရှိ ကျေးရွာများမှ ဒေသခံပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးရန် ရောက်ရှိနေသည့် တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့များ ပါဝင်သော တပ်မတော် မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်) နှင့် မြစ်ရေယာဉ် (စကု) တို့သည် ယနေ့တွင် ဧရာဝတီတိုင်း ဒေသကြီး၊ လပွတ္တာမြို့နယ်၊ ကံဘဲ့ကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၉၄၃ ဦးကို ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသမှု ဆိုင်ရာရောဂါ ၂၂၆ ဦး၊ ခွဲစိတ်ရောဂါ ၇၆ ဦး၊ သားဖွား၊ မီးယပ်ရောဂါ ၇၁ဦး၊ ကလေးရောဂါ ၇၅ဦး၊ အရိုးရောဂါ ၁၃၄ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၇၈ဦး၊မျက်စိရောဂါ ၁၈၇ဦးနှင့် သွားရောဂါ ၉၆ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး ၎င်းတို့အနက်မှ မျက်စိခွဲစိတ်လူနာ ၂၅ဦးနှင့် အထွေထွေခွဲစိတ်လူနာ ၁၅ဦးတို့ကို ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးကာ ဓာတ်မှန်ရိုက်လူနာဦးရေ၂ဝ၊တယ်လီဗေးရှင်း ဓာတ်မှန်ရိုက်လူနာ ဦးရေ၅ဝ၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၄၄ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ဦးရေ ၈ဝတို့ကို ရောဂါရှာဖွေစမ်းသပ် စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက် ကုသရန် လိုအပ်သောလူနာ ကိုးဦးကို ရန်ကုန်မြို့ရှိ တပ်မတော်ဆေးရုံများသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေး ခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger