www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, February 9, 2018

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စင်ကာပူလေကြောင်းပြပွဲ (Singapore Airshow 2018) တတိယနေ့ ဆက်လက်ကြည့်ရှု


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ခင်းကျင်းပြသထားသည့် တိုက်ခိုက်ရေးလေယာဉ်များ၊ ရဟတ်ယာဉ်များ၊ မောင်းသူမဲ့လေယာဉ်များနှင့် သယ်ယူပို့ဆောင်ရေး လေယာဉ်များအား လိုက်လံ ကြည့်ရှုစဉ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် Changi Exhibition Centre ၌ ပြသထားသည့်ပြခန်းများ အတွင်းကြည့်ရှု လေ့လာစဉ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် Changi Exhibition Centre ၌ ပြသထားသည့်ပြခန်းများ အတွင်းကြည့်ရှု လေ့လာစဉ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် Changi Exhibition Centre ၌ ပြသထားသည့်ပြခန်းများ အတွင်းကြည့်ရှု လေ့လာစဉ်။

နေပြည်တော် ၉-၂-၂ဝ၁၈

စင်ကာပူတပ်မတော် ကာကွယ်ရေးဦးစီးချုပ် Lt. Gen. Perry Lim ၏ ဖိတ်ကြားချက်အရ စင်ကာပူလေကြောင်း ပြပွဲ (Singapore Airshow 2018) သို့တက်ရောက်ရန်အတွက် စင်ကာပူနိုင်ငံသို့ ရောက်ရှိနေသည့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့် တပ်မတော်အရာရှိကြီးများ၊ စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာစစ်သံ (ကြည်း၊ရေ၊လေ) ဗိုလ်မှူးကြီး ဆန်းညွန့်ဦးနှင့် တာဝန်ရှိသူများ လိုက်ပါပြီး ယနေ့နံနက်ပိုင်းတွင် Changi Exhibition Centre ၌ ကျင်းပပြုလုပ်လျက်ရှိသည့် စင်ကာပူလေကြောင်းပြပွဲ (Singapore Airshow 2018) တတိယနေ့အား ဆက်လက်ကြည့်ရှု လေ့လာသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဦးဆောင်သည့် မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့သည် Changi Exhibition Centre အတွင်းနိုင်ငံအလိုက် ကုမ္ပဏီများမှပြသထားသည့် ပြခန်းများနှင့် အဆင့်မြင့်နည်းပညာသုံး ကာကွယ်ရေးအသုံး အဆောင်ပစ္စည်းပြခန်းများအား လှည့်လည်ကြည့်ရှု လေ့လာကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသကြသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ခင်းကျင်းပြသ ထားသည့် တိုက်ခိုက်ရေး လေယာဉ်များ၊ ရဟတ်ယာဉ်များ၊ မောင်းသူမဲ့လေယာဉ်များနှင့် သယ်ယူပို့ဆောင်ရေး လေယာဉ်များ အားလိုက် လံကြည့်ရှု လေ့လာကြသည်။ ထို့နောက် လေယာဉ်အလှပြ ပျံသန်းမောင်းနှင်မှုနှင့် စွမ်းရည်သရုပ်ပြပျံသန်း မောင်းနှင်မှုများအား ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger