www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, February 7, 2018

အောင်လအန်ဆန်၏ စိန်ခေါ် ပွဲစဉ်အပါအဝင် Quest For Gold ပြိုင်ပွဲ၏ ပွဲကြည့်ခွင့် လက်မှတ်များကို ငွေကျပ် ၁ဝဝဝဝ မှ ၂ဝဝဝဝဝ ထိ သတ်မှတ်ထား



ရန်ကုန် ၇-၂-၂ဝ၁၈

MMA မစ်ဒယ်ဝိတ်တန်း ချန်ပီယံ ကချင်တိုင်းရင်းသား အောင်လအန်ဆန် စိန်ခေါ်ပွဲစဉ်အပါအဝင် ရန်ကုန်မြို့တွင် ကျင်းပမည့် Quest For Gold ပြိုင်ပွဲ၏ ပွဲကြည့်ခွင့်လက်မှတ် ဈေးနှုန်းများကို MMA One Championship အဖွဲ့ချုပ်က ထုတ်ပြန်ကြေညာ ခဲ့ကြောင်း သိရသည်။

ပွဲကြည့်ခွင့် လက်မှတ်များကို အနည်းဆုံး ငွေကျပ် ၁ဝဝဝဝ သတ်မှတ်ထားပြီး ငွေကျပ် ၂၅ဝဝဝ၊ ငွေကျပ် ၅ဝဝဝဝနှင့် အမြင့်ဆုံးအဖြစ် ငွေကျပ် ၂ဝဝဝဝဝ သတ်မှတ်ထားသည်။ အဆိုပါပြိုင်ပွဲကို ဖေဖော်ဝါရီ ၂၃ရက်တွင် ရန်ကုန်မြို့ အမျိုးသားအားကစားရုံ (၁) သုဝဏ္ဏတွင် ကျင်းပမည်ဖြစ်ရာ လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ခါးပတ်လုပွဲအဖြစ် အောင်လအန်ဆန် (မြန်မာ) နှင့် အလက်ဇန္ဒား မာချာဒို (ဘရာဇီး) တို့ ယှဉ်ပြိုင်ထိုးသတ် မည်ဖြစ်ပြီး အခြားပွဲစဉ်များတွင် ဖိုးသော် (မြန်မာ) နှင့် ဆောဆီး (ကမ္ဘောဒီးယား)၊ အီးဗီတင်း (မလေးရှား) နှင့် ဆက်တန် (ထိုင်း)၊ ဒေ့ဝမ်ကင် (တောင်ကိုရီးယား) နှင့် ဒိုင်ချီတာကီနာကာ (ဂျပန်)၊အမိုင်ယာခမ်း (စင်ကာပူ) နှင့် တီမိုဖီ (ထိုင်း)၊ ရိုဒိန်း (ဖိလစ်ပိုင်) နှင့် လိုင်ကိုင်ဝမ် (တရုတ်) တို့ ယှဉ်ပြိုင်ထိုးသတ်မည် ဖြစ်သည်။

ပြည်တွင်းပွဲစဉ်အဖြစ် စောမင်းမင်းနှင့် ရဲသွေးနီတို့ ယှဉ်ပြိုင်ထိုးသတ်မည် ဖြစ်ပြီး အမျိုးသမီးပွဲစဉ်အဖြစ် ဘိုဇီနာအန်တန်နီယာနှင့် လင်းယုန်မေတို့ ယှဉ်ပြိုင်ထိုးသတ်မည် ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger