www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, February 7, 2018

ဂျပန် အပျော်စီးသင်္ဘော ရန်ကုန်မြို့မှ ပြန်လည်ထွက်ခွာ



ရန်ကုန် ၇-၂-၂ဝ၁၈

ရန်ကုန်မြို့ သီလဝါ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းသို့ ရောက်ရှိနေသည့် ဂျပန်နိုင်ငံ အခြေစိုက် ကမ္ဘာလှည့် ခရီးသည်တင် အပျော်စီးသင်္ဘော Ms Pacific Venus သည်ယမန်နေ့ ညနေတွင် ရန်ကုန်မြို့မှတစ်ဆင့် မလေးရှားနိုင်ငံ ပီနန်ဆိပ်ကမ်းသို့ ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။

အဆိုပါ အပျော်စီးသင်္ဘောသည် သီရိလင်္ကာနိုင်ငံ ကိုလံဘိုဆိပ်ကမ်းမှ တစ်ဆင့်မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ သီလဝါ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းသို့ ဖေဖော်ဝါရီ ၃ ရက် ညနေပိုင်းက ရောက်ရှိခဲ့ပြီး ကမ္ဘာလှည့် ခရီးသွားဧည့်သည် နှင့် သင်္ဘောဝန်ထမ်း ၅၂၅ ဦးတို့ လိုက်ပါလာကြသည်။ မြန်မာနိုင်ငံသို့ ရောက်ရှိစဉ်အတွင်း ရန်ကုန်မြို့ရှိ တန်ခိုးကြီးဘုရားများနှင့် အထင်ကရနေရာများသို့ လည်းကောင်း၊ သန်လျင်၊ ကျောက်တန်း ဒေသများသို့ လည်းကောင်း သွားရောက် လေ့လာလည်ပတ် ခဲ့ကြသည်။

သင်္ဘောဖြင့် လိုက်ပါလာသည့် ခရီးသည်များအနက် ဂျပန်နိုင်ငံသား အမျိုးသား ၂၂ ဦး၊ အမျိုးသမီး ၂၄ ဦးနှင့် ဗြိတိသျှနိုင်ငံသား အမျိုးသား တစ်ဦးတို့သည် သင်္ဘောဖြင့် ပြန်လည်လိုက်ပါ ခြင်းမရှိဘဲ ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ်မှ လေကြောင်းခရီးဖြင့် ထွက်ခွာသွားပြီး ဂျပန်နိုင်ငံသား အမျိုးသားခြောက်ဦးနှင့် အမျိုးသမီးနှစ်ဦး တို့သည် အဆိုပါသင်္ဘောဖြင့် လိုက်ပါခဲ့ကြောင်း သိရသည်။

သင်္ဘောကပ္ပတိန် ဂျပန်နိုင်ငံသား Mr.MATSUI KATSUYA မောင်းနှင်သည့် ကမ္ဘာလှည့်ခရီးသည်တင် အပျော်စီးသင်္ဘော Ms Pacific Venus သည် ရန်ကုန်မြို့ရှိ သီလဝါအပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းမှ ပြန်လည်ထွက်ခွာ ရာတွင် သင်္ဘောဝန်ထမ်း ၁၉၇ ဦး၊ ခရီးသည် ၂၈၉ ဦး စုစုပေါင်း ၄၈၆ ဦး ပြန်လည်လိုက်ပါ သွားသည်။

ကမ္ဘာလှည့် ခရီးသည်တင် အပျော်စီး သင်္ဘောသည် AKM Tours.Co.,Ltd. ၏ အစီအစဉ်ဖြင့် မြန်မာနိုင်ငံသို့ ရောက်ရှိခြင်း ဖြစ်ပြီး သင်္ဘောဆိုက်ကပ် ရပ်နားချိန်မှ ပြန်လည်ထွက်ခွာ ချိန်အထိ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် နယ်မြေ Tourist Police များက သွားလာမှု အဆင်ပြေစေရေးနှင့် အနီးကပ်လုံခြုံရေးကို ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger