www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, February 19, 2018

ရန်ကုန်မြို့ပြဖွံ့ ဖြိုးရေးအတွက် ပွင့်လင်းမြင်သာမှုအပိုင်းများ ဖော်ဆောင်ရန်လိုအပ်



ရန်ကုန် ၁၉-၂-၂ဝ၁၈

ရန်ကုန်မြို့ပြ ဖွံ့ဖြိုးရေးအတွက် ပွင့်လင်းမြင်သာမှုအပိုင်းများ ဖော်ဆောင်ရန်လိုအပ် နေသေးကြောင်း ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနရုံး၌ ယမန်နေ့က ကျင်းပသည့် ဒီမိုကရေစီနှင့် မြို့ပြဖွံ့ဖြိုးမှုဆိုင်ရာနှင့် ရန်ကုန်မြို့နှင့် မြန်မာပြည် ဖွံ့ဖြိုးမှုဆိုင်ရာ ဆွေးနွေးပွဲမှ သိရသည်။

''မြို့ပြနဲ့အိမ်ရာဖွံ့ဖြိုးမှုတွေ လုပ်ဆောင်တဲ့ နေရာမှာ ပွင့်လင်းမြင်သာမှုနဲ့ ကန့်ကွက် ပိုင်ခွင့်တွေရှိ ဖို့လိုအပ်တယ်။ သယ်ယူပို့ ဆောင်ရေးအပိုင်းအနေနဲ့ လက်ရှိ ယာဉ်ကြောကျပ်တည်းတာတွေ ရှိနေသေးတယ်။ နောက်ပြီး အိမ်ရာ တည်ဆောက်တာတွေနဲ့ ပတ်သက်ပြီး တချို့တိုက်ခန်းတွေမှာ ပြတင်းပေါက်ပါရှိမှု နည်းနေတာတွေ ရှိနေပါတယ်''ဟု မြို့ပြပညာရှင် ဒေါက်တာကျော် လတ်ကပြောသည်။

ရန်ကုန်မြို့ပြ ဖွံ့ဖြိုးရေးနှင့် ပတ်သက်၍ ပြဿနာများစွာကို ဖြေရှင်းရန် အစိုးရပိုင်းအနေဖြင့် ရေရှည်စီမံကိန်းများ ထားရှိခြင်း၊ အစီအစဉ်များ ရေးဆွဲခြင်းတို့ လိုအပ်သကဲ့သို့ အရေးကြီးဆုံးမှာ ပွင့်လင်းမြင်သာမှု ရှိရန်ပိုမိုလိုအပ် ကြောင်း၊ ရန်ကုန်မြို့၏ မြို့ပြဖွံ့ဖြိုးရေးအတွက် အိမ်ရာများနှင့် အထပ်မြင့်များ စံချိန်စံညွှန်းအမီ တည်ဆောက်ခြင်းအပြင် နေ့စဉ်သွားလာရေး စနစ်နှင့် ပညာသင်ကြားရေးပိုင်း အတွက်လည်း တစ်နှစ်လျှင် ကျောင်းပေါင်း ၂ဝ ခန့်တိုးတက်ရန် လိုအပ်နေသေးကြောင်း သိရသည်။

ထို့ပြင် မြို့ပြဖွံ့ဖြိုးရေး ကိစ္စရပ်များ ဆောင်ရွက်ရာတွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်သို့ တင်ပြဆွေးနွေးခြင်း၊ လွှတ်တော်မှ သုံးသပ်ဆွေးနွေး အတည်ပြုပြီး အတည်ပြု လက်ခံသည်များကို အဆင့်ဆင့်ဆောင်ရွက်ရန် လိုအပ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger