www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, January 24, 2018

ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်၂၇၆/ဝ အနီးတွင် EXPRESS ယာဉ်တစ်စီး အင်ဂျင်ခန်းမှ ဝိုင်ယာရှောခ့် ဖြစ်ပြီး မီးလောင်ကျွမ်း



မန္တလေး ၂၄-၁-၂ဝ၁၈

ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်၂၇၆/ဝအနီးတွင် ယနေ့မွန်းလွဲ ၂နာရီ ၄၅မိနစ်ခန့်က နေပြည်တော်မှ မန္တလေးဘက်သို့ မောင်းနှင်လာသော EXPRESS အနီရောင် မော်တော်ယာဉ်မှာ အင်ဂျင်ခန်းမှ ဝိုင်ယာရှော့ခ်ဖြစ်ပြီးမီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ တန်ဖိုးငွေကျပ်သိန်း၁၅ဝခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း နေပြည်တော်အမြန်လမ်း ရဲတပ်ဖွဲ့မှ သိရသည်။

အဆိုပါ မီးလောင်မှုဖြစ်စဉ်ကို အုပ်ချုပ်မှုယာဉ် တစ်စီး၊ မီးငြှိမ်းသတ်ယာဉ် တစ်စီးဖြင့် ညနေ ၃နာရီ ၁ဝ မိနစ်တွင် အပြီးသတ်ငြှိမ်းသတ်နိုင် ခဲ့ကြောင်း သိရသည်။

"ဝိုင်ယာရှော့ခ်ဖြစ်ပြီး လောင်တာခရီးသည်တွေ အများကြီးမပါဘူး။ ယာဉ်ပေါ်ပါတဲ့လူတော့ ထိခိုက်ဒဏ်ရာ ရတာမရှိပါဘူး။ ယာဉ်မောင်းကိုတော့ အမှုဖွင့်ပြီး စစ်ဆေးနေပါတယ်"ဟု အမြန်လမ်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆက်လက်ပြောပြသည်။

မီးလောင်မှုကြောင့် ယာဉ်တစ်စီး လုံးလောင်ကျွမ်းခဲ့ပြီး ယင်းဖြစ်စဉ် နှင့်ပတ်သက်၍ ယာဉ်ကြံ့ခိုင်မှုကို မစစ်ဆေးဘဲ မောင်းနှင်ရာမှ မီးလောင်ကျွမ်းခဲ့ခြင်းကြောင့် ယာဉ်မောင်းအောင်မင်းနိုင်ကို ဥပဒေအရ အရေးယူပေးရန် ရဲအုပ်ဇော်မင်းက တရားလိုပြုလုပ် တိုင်တန်းသဖြင့် ပေပင်လေးအမြန်လမ်း မကြီးရဲစခန်းက (ပ)၄/၂ဝ၁၈၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၇၉/၂၈၅အရ အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger