www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, January 24, 2018

မြစ်ကြီးနားမြို့တွင် ဘဏ်အတွင်းမှ ငွေကျပ်သိန်း ၉၂ဝ လုယက်မှုဖြစ်ပွား



မြစ်ကြီးနား ၂၄-၁-၂ဝ၁၈

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မင်းရပ်ရပ်ကွက် ဈေး(၁)အပေါ်ထပ်ရှိ ကမ္ဘောဇဘဏ်တွင် ဇန်နဝါရီ ၂၃ရက် ညနေ ၃နာရီက မျက်နှာတွင် Mask အုပ်ထားသည့် လူငယ်လေးဦးက ဘဏ်အတွင်းရှိ ငွေကျပ်သိန်း ၉၂ဝကို လုယက်မှုဖြစ်ပွား ခဲ့ကြောင်း သိရသည်။

မြစ်ကြီးနားမြို့ မင်းရပ်ရပ်ကွက်ဈေး (၁) အပေါ်ထပ်ရှိ ကမ္ဘောဇဘဏ်တွင် ဒေါ်နန်းအေးအေးသင်းနှင့် ဘဏ်ဝန်ထမ်းငါးဦးတို့သည် ဘဏ်ဘေး ဘာဂျာတံခါးများ ပိတ်ပြီးဘဏ်ရှေ့မှန်တံခါး တစ်ချပ်သာဖွင့်၍ စာရင်းပိတ်နေစဉ် ဘဏ်အတွင်းသို့ မျက်နှာတွင် Mask အုပ်ထားသည့် လူငယ် လေးဦးဝင်လာပြီး ရှေ့ဆုံးမှဝင်လာသော လူငယ်သည် လက်ထဲမှ အသင့်ပါလာသော အနက်ရောင်သေနတ်အတို (အတုအစစ်မသိ)ဖြင့် အခန်းအတွင်း ဝင်ပေါက်အနီး ထိုင်နေသည့် ဘဏ်လုံခြုံရေး ဦးပြည့်ဖြိုးအောင်ကို ချိန်ပြီး နှစ်ဦးမှာ သံတုတ်၊တစ်ဦးမှာ ဓားရှည်ကိုင်ထားကာ ကျန်လူများက ရိုက်နှက်၍ ဘဏ်ဝန်ထမ်းများကို ကြမ်းပြင်တွင် မှောက်ခိုင်းပြီး ဘဏ်ကောင်တာအတွင်းဘက် ကြမ်းပြင်တွင် ထားရှိသောကမ္ဘောဇဘဏ် တံဆိပ်ပါ ကြွပ်ကြွပ်အိတ်အကြီး နှစ်အိတ်၊ အလတ်တစ်အိတ်တို့ဖြင် ထည့်ထားသည့် ဘဏ်ငွေကျပ်သိန်း ၉၂ဝခန့်ကို ယူဆောင်၍ လက်ကိုင်ဖုန်းများပေးရန် တောင်းရာ ဦးရဲမွန်၏ ဖုန်းတစ်လုံး၊ ဦးဘောမ်နမ်အောင်၏ ဖုန်းတစ်လုံး၊ ဦးပြည့်ဖြိုးအောင်၏ ဖုန်းတစ်လုံး တို့ကိုပေးလိုက်သော်လည်း ဝန်ထမ်းငါးဦးထံမှ ဖုန်း သုံးလုံးသာရသည့်အတွက် ဘဏ်ဝန်ထမ်းများကို တုတ်ဖြင့်ရိုက်နှက်ခဲ့သည်။

ထို့နောက် လူငယ်များက ဘဏ်အတွင်းတပ်ဆင်ထားသည့် စီစီတီဗီစက်ကိုဖြုတ်ယူပြီး မော့ကြည့်လျှင် သေနတ်နှင့်ပစ်သတ်မည်ဟု ခြိမ်းခြောက်ပြောဆိုကာ ဘဏ်ရှေ့မှန် တံခါးလက်ကိုင်ကွင်းကို ကြိုးဖြင့်ချည်နှောင်၍ အပြင်မှ သံဘာဂျာတံခါးကိုပိတ်ပြီး သော့ပေါက်တွင် ဘောပင်ဖြင့်ထိုး၍ ပိတ်ခဲ့ကာ ထွက်ပြေးသွားခဲ့သည်။ ထို့နောက် ဒေါ်နန်းအေးအေးသင်းက ဘဏ်မန်နေဂျာ ဒေါ်ယဉ်ယဉ်မာကို ဖုန်းဆက်ခေါ်ပြီး ၎င်းတို့ရောက်ရှိမှ သာလူငယ်များယူသွားသည့် ဖုန်း သုံးလုံးကို ဘဏ်အတွင်းထားသော အမှိုက်ပုံးအတွင်း ဖုန်းကဒ်များဖြုတ်ပြီး ရေလောင်းထားသည်ကို တွေ့ရှိရသည်။ လူငယ်များရိုက်နှက်သဖြင့် ဦးပြည့်ဖြိုးအောင် လုံခြုံရေးဝန်ထမ်းတွင် ကျောကုန်းညိုမည်း နာကျင်ဒဏ်ရာ ရရှိခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ဘဏ်ငွေများလုယက်ယူသွားသူ အမည်၊နေရပ်လိပ်စာ(စုံစမ်းဆဲ) လူငယ်လေးဦးကို အရေးယူပေးရန် ဒေါ်နန်းအေးအေးသင်း ဈေး (၁) မီနီဘဏ်ဌာန တာဝန်ခံက တိုင်တန်းသဖြင့် မြစ်ကြီးနားမြို့မရဲစခန်းက (ပ)၁၃/၂ဝ၁၈၊ ရာဇသတ်ကြီးပုဒ်မ-၃၉၄/ ၁၁၄ဖြင့် အမှုရေးဖွင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger