ရန်ကုန် ၁၃-၁၂-၂၀၁၇
အသေးစား၊ အလတ်စားစီးပွားရေး လုပ်ငန်းများ (SME) နှင့် ဒေသခံရိုးရာလုပ်ငန်းများ (MSME) ဖွံ့ဖြိုးတိုးတက်လာစေရေး အတွက်နိုင်ငံတော်က အထူးအလေးပေးပံ့ပိုး ကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၁ဝ ရက်က ရန်ကုန်မြို့၌ ကျင်းပပြုလုပ်သည့် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များအသင်းချုပ်၏ (၂၆) ကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီ အစည်းအဝေး သတင်းများအရ သိရသည်။
လက်ရှိတွင် မြန်မာ့စီးပွားရေး လုပ်ငန်းများဖွံ့ဖြိုး တိုးတက်မှု ရှိနေသော်လည်း နည်းပညာနှင့် အရည်အသွေးပိုင်းတွင် အိမ်နီးချင်းနိုင်ငံများ ထက်နိမ့်ကျနေသည်။ ထို့ကြောင့် အိမ်နီးချင်းနိုင်ငံများက အဆင့်မြင့်ပညာများဖြင့် ထုတ်လုပ်ထားသည့် ကုန်ပစ္စည်းများသည် မြန်မာနိုင်ငံတွင် ဈေးကွက်နေရာရရှိနေခြင်း ဖြစ်သည်။ အဆိုပါ အခြေအနေများကြောင့် မြန်မာနိုင်ငံရှိ အသေးစား၊ အလတ်စားစီးပွားရေး လုပ်ငန်းများ (SME) နှင့် ဒေသခံရိုးရာလုပ်ငန်းများ (MSME) မှာ ဈေးကွက်ယှဉ်ပြိုင်နိုင်ခြင်း မရှိသောကြောင့် အခက်အခဲဖြစ်နေကြရသည်။ အချို့သောစီးပွားရေး လုပ်ငန်းများမှာ ယိုင်လဲသွားနိုင်သည့် အခြေအနေများ ဖြစ်လာခဲ့ကြောင်းသိရသည်။ အထူးသဖြင့် ဒေသခံ ရိုးရာလုပ်ငန်းများ (MSME) များအနေဖြင့် ဈေးကွက်ယှဉ်ပြိုင်နိုင်ရေး နှင့်စီးပွားရေး တွက်ခြေကိုက်စေရန် ထုတ်လုပ်နိုင်ရန်အတွက် နည်းပညာပိုင်းတွင် အားနည်းလျက်ရှိကြောင်း သိရသည်။
ထို့ကြောင့် နိုင်ငံတော်အနေဖြင့် အဆိုပါ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ (SME) နှင့် ဒေသခံရိုးရာလုပ်ငန်းများ (MSME) ဖွံ့ဖြိုးတိုးတက် လာစေရေးအတွက် အထူးအလေးပေး ပံ့ပိုးကူညီဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း အဆိုပါ အခမ်းအနားတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ပြောကြားခဲ့ကြောင်း သိရသည်။
ထိုသို့ ပံ့ပိုးကူညီ ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေးအတွက် သွင်းကုန်အစားထိုး ထုတ်လုပ်နေသည့် လုပ်ငန်းများနှင့် ပြည်ပပို့ကုန် တိုးမြှင့်တင်ပို့နိုင်မည့် လုပ်ငန်းများအတွက် ပံ့ပိုးကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသွားခဲ့ကြောင်း သိရသည်။
#Yadanarpondaily
No comments:
Post a Comment