www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, December 13, 2017

မုန်တိုင်းငယ် အရှိန်ကြောင့် မော်လမြိုင်ကျွန်းမြို့နယ် အတွင်းမှ ပင်လယ်ငါးဖမ်းလုပ်သားများ လုပ်ငန်းယာယီရပ်နား ထားရ



မော်လမြိုင်ကျွန်း ၁၃-၁၂-၂၀၁၇

ဘင်္ဂလား ပင်လယ်အော်တွင် ဖြစ်ပေါ်ခဲ့သည့် မုန်တိုင်းငယ် အရှိန်ကြောင့် ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ်တွင် ပင်လယ်ပြင် ငါးဖမ်းလုပ်ငန်းများ ဒီဇင်ဘာလ ဒုတိယပတ်မှစတင်၍ လုပ်ငန်း ယာယီရပ်နားထားရကြောင်း ဒေသခံငါးဖမ်းလုပ်သား များထံမှ သိရသည်။

မော်လမြိုင်ကျွန်းမြို့နယ်တွင် ပင်လယ်ပြင် ငါးဖမ်းလုပ်ငန်းကို ဘင်္ဂလားကြီး၊ ရေတွင်းကုန်း၊ လေးဂွကြီး၊ မဘေ၊ ရွာလယ်ချောင်း၊ ကြက်ဆိပ်၊ ပန်းဖူးချောင်း၊ နတ်မူး၊ ငါးဓံတရာ စသည့်ကျေးရွာများတွင် အများဆုံးလုပ်ကိုင် ကြကြောင်း သိရသည်။

"ကျွန်တော်တို့မြို့က မြစ်ဝကျွန်းပေါ် ဒေသဆိုတော့ မုန်တိုင်းအသံ ကြားတာနဲ့ လန့်နေတာပါ။ မုန်တိုင်း အင်အားပြင်းတာ၊ မပြင်းတာ သတိထားပြီး ရှောင်ရှားပါတယ်။ ဒါကြောင့် အခုရက်ပိုင်းအတွင်းမှာ ငါးဖမ်းနားရတာ အခုတစ်ကြိမ်နဲ့ဆို နှစ်ကြိမ်ရှိပါပြီ။ ကျန်ခဲ့တဲ့လကလဲ တစ်ကြိမ်ပါ။ ရာသီဥတု ကြောင့်ဆိုတော့ ဘာမှမတတ်နိုင်ပါဘူး။ ရက်ရှည် အခုလိုဆက်နားရမယ် ဆိုရင်တော့ စားဝတ်နေရေးအတွက် အကျပ်အတည်းဖြစ်လာ နိုင်ပါတယ်"ဟု ပင်လယ်ပြင်ငါးဖမ်း လုပ်ငန်းလုပ်ကိုင်သူ ဘင်္ဂလားကြီး ကျေးရွာမှ ကိုမင်းမင်းလတ်က ပြောပြသည်။

မော်လမြိုင်ကျွန်းမြို့နယ်တွင် ပင်လယ်ပြင် ငါးဖမ်းလုပ်ငန်း လုပ်ကိုင်သူများသည် ယခုနှစ်အတွင်း ရာသီဥတုအခြေအနေအရ ငါးဖမ်းလုပ်ငန်း ယာယီရပ်နားရသည်မှာ သုံးကြိမ်ထိ ရှိနေပြီဖြစ်ကြောင်း ပင်လယ်ပြင်ငါးဖမ်းလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger