www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, December 19, 2017

ဟိုင်းကြီးကျွန်းအနီးရှိ ပင်လယ်ပြင်အတွင်း တရားမဝင်သစ်များ တင်ဆောင်ထားသော လှေများကို ဖမ်းဆီးရမိ



ဖမ်းဆီးရမိသူများကို တရားမဝင်သစ်များတင်ဆောင်ထားသော လှေများနှင့်အတူ တွေ့ရစဉ်။

နေပြည်တော် ၁၉-၁၂-၂၀၁၇

ဧရာဝတီတိုင်း ဒေသကြီး၊ ဟိုင်းကြီးကျွန်းအနီး ပင်လယ်ပြင်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော တပ်မတော် (ရေ)မှ စစ်ရေယာဉ်သည် ဟိုင်းကြီးကျွန်း၏ တောင်ဘက် ၁၇ မိုင်ခန့်အကွာ၌ စက်မကြီး တရုတ်နီ 50HP လေးလုံးထိုး၊ ဂီယာဘောက်နှင့်တွဲလျက် တစ်လုံးတပ်ဆင်ထားသော အလျား ၁၅ပေ၊ အနံရှစ်ပေ၊ ရေစူး သုံးပေခန့်၊ သစ်သားကိုယ်ထည် ဖြင့်ပြုလုပ်ထားသော တရားမဝင်သစ်ခိုးလှေ တစ်စီးကို ဒီဇင်ဘာ ၁၇ရက် မွန်းလွဲ၂ နာရီ မိနစ် ၅ဝ ခန့်တွင် ဦးအောင်အောင် (ဘ) ဦးဟန်ကြည် အပါအဝင် အမျိုးသား ငါးဦးနှင့်အတူ တောသစ်ခွဲသားဆိုဒ်စုံ ငါးတန်ခန့်ကိုလည်းကောင်း၊ ဟိုင်းကြီးကျွန်း၏ တောင်ဘက် ရေမိုင် ၁၆ မိုင်ခန့်အကွာ၌ စက်မကြီး တရုတ်နီ 50HP လေးလုံးထိုး၊ ဂီယာဘောက်နှင့်တွဲလျက် တစ်လုံး တပ်ဆင်ထားသော အလျား ၂၈ပေ၊ အနံ ၁၁ပေ ငါးလက်မ၊ ရေစူး လေးပေ ငါးလက်မ၊ သစ်သားကိုယ်ထည်ဖြင့် ပြုလုပ်ထားသော တရားမဝင်သစ်ခိုးလှေ တစ်စီးကို ဒီဇင်ဘာ ၁၇ ရက် ညနေ ၃ နာရီခန့်တွင် ဦးတေဇာထွန်း (ဘ) ဦးသိန်းလွင် အပါအဝင် အမျိုးသား လေးဦးနှင့်အတူ တောသစ်ခွဲသားဆိုဒ်စုံ ခုနစ်တန်ခန့်ကိုလည်းကောင်း၊ ဟိုင်းကြီးကျွန်း၏ တောင်ဘက် ရေမိုင် ၁၆ မိုင်ခန့်အကွာ၌ စက်မကြီးတရုတ်နီ 50HP လေးလုံးထိုး၊ ဂီယာဘောက်နှင့်တွဲလျက် တစ်လုံးတပ်ဆင် ထားသော အလျား ၃၃ပေ၊ အနံ ရှစ်ပေ၊ ရေစူး လေးပေခန့် သစ်သားကိုယ်ထည်ဖြင့် ပြုလုပ်ထားသော တရားမဝင်သစ်ခိုးလှေတစ်စီးကို ဒီဇင်ဘာ ၁၇ ရက် ညနေ ၃ နာရီ ၅ မိနစ်ခန့်တွင် ဦးအုန်းကျင် (ဘ) ဦးကုလားအပါအဝင် အမျိုးသား ခြောက်ဦးနှင့်အတူ တောသစ်ခွဲသားဆိုဒ်စုံ ခုနစ်တန်ခန့်နှင့် ဟိုင်းကြီးကျွန်း၏ တောင်ဘက် ရေမိုင် ၁၅ မိုင်ခန့်အကွာ၌ စက်မကြီးတရုတ်နီ 50HP လေးလုံးထိုး၊ ဂီယာဘောက်နှင့်တွဲလျက် တစ်လုံးတပ်ဆင်ထားသော အလျား ၃၁ပေ၊ အနံ ၁ဝပေ၊ ရေစူး ငါးပေခန့်၊ သစ်သားကိုယ်ထည် ဖြင့်ပြုလုပ်ထားသော တရားမဝင်သစ်ခိုးလှေ တစ်စီးကို ဒီဇင်ဘာ ၁၇ ရက် ညနေ ၃ နာရီ ၁၅ မိနစ်ခန့်တွင် ဦးမြင့်အေး (ဘ) ဦးစောမောင် အပါအဝင် အမျိုးသားငါးဦးနှင့်အတူ တောသစ်ခွဲသားဆိုဒ်စုံ ခုနစ်တန်ခန့်တို့ကို အသီးသီးဖမ်းဆီးရမိခဲ့သည်။

အဆိုပါဖမ်းဆီးရမိသူများ၊ လှေများနှင့် တရားမဝင်သစ်များကို ဟိုင်းကြီးကျွန်းသစ်တော ဦးစီးဌာနသို့ စနစ်တကျလွှဲပြောင်း အပ်နှံခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger