www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, December 20, 2017

သံဃာအပါး ၂ဝဝဝဝ ဆွမ်းဆန်စိမ်း လောင်းလှူပွဲနှင့် ပတ်သက်၍ ဆရာတော်ကြီးထံမှ သြဝါဒခံယူပွဲကျင်းပ



မန္တလေး ၂၀-၁၂-၂၀၁၇

မန္တလေးတိုင်း ဒေသကြီးအစိုးရ အဖွဲ့ကကြီးမှူး၍ ထိုင်းနိုင်ငံဓမ္မ ကာယကျောင်းနှင့် မြန်မာပြည်မှ အလှူရှင်များ စုပေါင်းလှူဒါန်းမည့် သံဃာအပါး ၂ဝဝဝဝ အား ဆွမ်းဆန်စိမ်းလောင်းလှူ ပွဲနှင့်ပတ်သက်၍ ဆရာတော်ကြီးထံမှ သြဝါဒခံယူပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီက မဟာမုနိရုပ်ရှင်တော် မိုးကောင်းဓမ္မာရုံ၌ ကျင်းပခဲ့သည်။

အခမ်းအနားသို့ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက၊ ဗန်းမော်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တကုမာရာဘိဝံသ အရှင်သူမြတ်အမှူးပြုသော ဒုတိယဥက္ကဋ္ဌ တွဲဖက် အကျိုးတော်ဆောင်နှင့် နိုင်ငံတော် သံဃနာယက အဖွဲ့ဝင်ဆရာတော်ကြီးများ၊ တိုင်းဒေသကြီး သံဃနာယကအဖွဲ့(စတု၊ သုဓမ္မာ၊ ရွှေကျင်) ဥက္ကဋ္ဌ ဆရာတော်များ၊ အကျိုးတော်ဆောင် ဆရာတော်ကြီးများ၊ မန္တလေးခုနစ်မြို့နယ်မှ မြို့နယ်သံဃနာယက အဖွဲ့ဥက္ကဋ္ဌ ဆရာတော်ကြီးများ ကြွရောက်တော်မူကြပြီး မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ ဒုတိယမြို့တော်ဝန် ဦးရဲမွန်နှင့် မဟာမုနိရုပ်ရှင်တော် ဂေါပကအဖွဲ့ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး သာသနာရေးမှူးရုံးမှ တာဝန်ရှိသူများ၊ ဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများ၊ အလှူရှင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက် ကြည်ညိုကြသည်။

ရှေးဦးစွာနမောတဿ သုံးကြိမ်ရွတ်ဆိုပူဇော်၍ အခမ်းအနားကို စတင်ဖွင့်လှစ်ကာ နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက၊ ဗန်းမော်ကျောင်း တိုက်ဆရာတော် ဘဒ္ဒန္တကုမာရာဘိဝံသ အရှင်သူမြတ်ထံမှ သြဝါဒ ခံယူတော်မူကြသည်။

ထို့နောက် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ကိုယ်စား တိုင်းဒေသကြီး သာသနာရေးမှူးရုံး ညွှန်ကြားရေးမှူး ဦးခင်မောင်တင့်က သာသနာရေးဆိုင်ရာ များလျှောက်ထားသည်။ ဆက်လက်၍ မဟာမုနိရုပ်ရှင်တော် ဂေါပကအဖွဲ့ ဦးစိုးလင်းက သံဃာအပါး ၂ဝဝဝဝ ဆွမ်းဆန်စိမ်းလောင်းလှူ ပုံကို Projector ဖြင့် အသေးစိတ် လျှောက်ထား၍ ၂ဝ၁၈ခုနှစ် ဇန်နဝါရီ ၂၁ရက် နံနက် ၆ နာရီတွင် မန္တလေးမြို့ ချမ်းမြသာစည် လေဆိပ်၌သံဃာအပါး ၂ဝဝဝဝအား ဆွမ်းဆန်စိမ်း လောင်းလှူမည့် အစီအစဉ်များနှင့် မြို့နယ်သံဃ နာယကဆရာတော်များနှင့်လည်း လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို သီးခြားဆောင်ရွက်သွားမည့် အစီအစဉ်များကို လျှောက်ထားသည်။

ထို့နောက် လျှောက်ထားမှုများ အပေါ် ဆရာတော် သံဃာတော် အရှင်သူမြတ်များထံမှ သြဝါဒများ နာယူကြပြီး တက်ရောက်လာကြသည့် လုပ်ငန်းဆပ် ကော်မတီအသီးသီးမှ တာဝန်ရှိသူများက အထွေထွေဆွေးနွေး တင်ပြလျှောက်ထားကြကာ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger