www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, December 21, 2017

ဆံတော်ရှင်ကျိုက်ထီးရိုး စေတီတော်သို့ ယခုနှစ် တောင်ဖွင့်ရာသီ နှစ်လခွဲကာလအတွင်း ပြည်တွင်းပြည်ပခရီးသွား ဧည့်သည် ခုနစ်သိန်းကျော်လာရောက်



ကျိုက်ထို ၂၁-၁၂-၂၀၁၇

ဆံတော်ရှင်ကျိုက်ထီးရိုး စေတီတော်သို့ ယခုနှစ် တောင်ဖွင့်ရာသီဖြစ်သည့် အောက်တိုဘာ ၅ ရက်မှ လက်ရှိအချိန်ထိ နှစ်လခွဲကာလအတွင်း နိုင်ငံခြားခရီးသွား ဧည့်သည် ၃၆၃၁၇ ဦးအထိ ဝင်ရောက်ခဲ့ပြီး ပြည်တွင်းခရီးသွား ဝင်ရောက်မှု ၇၃၇၃၆၈ ဦးရှိခဲ့ရာ စုစုပေါင်း ၇၇၃၆၈၅ ဦး အထိ ရှိပြီဖြစ်ကြောင်း ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော်ဂေါပကအဖွဲ့မှ သိရသည်။

၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် တောင်ဖွင့်ရာသီတွင် ပြည်တွင်းခရီးသွား ၆၈၁၅၁၃ ဦး၊ နိုင်ငံခြားခရီးသွားဧည့်သည် ၂၄၂၁၂ ဦးဖြင့် စုစုပေါင်း ၇ဝ၅၇၂၅ ဦးသာ ဝင်ရောက်ခဲ့သောကြောင့် ယခုနှစ်တွင် လူဦးရေ ၆၇၉၆ဝဦးပိုမို ဝင်ရောက်ခဲ့သည်။

''သီတင်းကျွတ် လပြည့်နေ့ကစပြီး နယုန်လပြည့်နေ့အထိ ကျိုက်ထီးရိုးတောင်ဖွင့်တဲ့ ကာလက ခုနစ်လရှိပါတယ်။ ခရစ်သက္ကရစ်နဲ့ဆိုရင် အောက်တိုဘာ ၅ ရက်မှာ တောင်ဖွင့်ပါတယ်။ လက်ရှိ နှစ်လခွဲကာလအတွင်းမှာ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည် ဝင်ရောက်မှု မြင့်တက်ခဲ့ပါတယ်'' ဟု အဆိုပါ စေတီတော် ဂေါပကအဖွဲ့ဝင် ဦးစိုးနောင်ဦးက ပြောသည်။

ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော် တောင်ဖွင့်ရာသီမှာ အောက်တိုဘာလဆန်းတွင် စတင်ခြင်းဖြစ်ပြီး အဆိုပါရာသီအတွင်း ပြည်တွင်းပြည်ပခရီးသွား ဧည့်သည်ဝင်ရောက်မှု ယခင်နှစ်ထက် ပိုမိုမြင့်တက်ခဲ့သော်လည်းဘက်စုံ အလှူငွေအရပ်ရပ် ကောက်ခံရရှိမှုမှာ ယခုနှစ်ထက်လျော့နည်း ရရှိခဲ့ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger