www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, December 21, 2017

နိုင်ငံခြားခရီးသွား ဧည့်သည်များအတွက် ဆောင်ရန်ရှောင်ရန် လက်စွဲစာအုပ် အခမဲ့ဖြန့်ဝေမည်



ရန်ကုန် ၂၁-၁၂-၂၀၁၇

ပြည်တွင်းသို့ လာရောက်လည်ပတ်ကြသော နိုင်ငံခြားခရီးသွား ဧည့်သည်များ ဘေးအန္တရာယ် ကင်းရှင်းစေရေးနှင့် လွယ်ကူစွာ သွားလာနိုင်စေရေး နိုင်ငံခြားခရီးသွား ဧည့်သည်များအတွက် ပြုစုထားသည့် ဆောင်ရန်ရှောင်ရန် လက်စွဲစာအုပ်အုပ်ရေ ရှစ်ထောင်ကို ဒီဇင်ဘာနောက်ဆုံးပတ်တွင် အခမဲ့ဖြန့်ဝေပေးမည် ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်ထွေးထံမှ သိရသည်။

အဆိုပါလက်စွဲစာအုပ်ကို နိုင်ငံခြားခရီးသွား ဧည့်သည်များ ဝင်ထွက်မှုများသော နေရာများ၊ အပြည်ပြည်ဆိုင်ရာ လေဆိပ်များနှင့် ခရီးသွားနယ်မြေများ၌ အခမဲ့ဖြန့်ဝေပေးမည် ဖြစ်သည်။ ယင်းလက်စွဲ စာအုပ်တွင် မြန်မာနိုင်ငံရှိ မြို့တော်များ၊ သဘာဝအခြေပြု ခရီးသွားဒေသများ၊ ပျူရှေးဟောင်းမြို့တော် တည်ရှိရာနေရာများ၊ အန္တရာယ်များတွေ့ကြုံရပါက အရေးပေါ် ဆက်သွယ်နိုင်ရန် ဖုန်းနံပါတ်များနှင့် ပြည်တွင်း၌ ကျင်းပလေ့ရှိသော ပွဲတော်များ အကြောင်းကိုပါ ထည့်သွင်းပြုစု ထားသည်။

''ဒီလက်စွဲစာအုပ်မှာ နိုင်ငံခြားခရီးသွား ဧည့်သည်တွေအတွက် လိုအပ်တဲ့ ဆောင်ရန်ရှောင်ရန် အချက်အလက် အများအပြားကို ထည့်ထားပေးတယ်။ ဒီစာအုပ်ကို အသုံးပြုပြီး ပြည်တွင်းမှာ လည်ပတ်ကြမယ်ဆိုရင် သူတို့တွေ ဘေးအန္တရာယ် ကင်းရှင်းစွာလည်ပတ် နိုင်မှာပါ။ ဒီစာအုပ်ကို Dosanddontsfortourists.com မှာလည်း အခမဲ့ Download ရယူနိုင်ပါတယ်'' ဟု ဦးမြင့်ထွေးက ပြောသည်။

ယင်းစာအုပ်ဖြန့်ဝေရာတွင် ရက်အပိုင်းအခြား သတ်မှတ်မထားဘဲ စာအုပ်ကုန်သည် အထိ ဖြန့်ဝေပေးမည်ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger