www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, October 11, 2017

အိန္ဒိယနိုင်ငံသို့ လာရောက်လည်ပတ် ခရီးသွားများ နယ်စင်မှတစ်ဆင့် ရိဒ်ရေကန်နှင့် ဒေသတစ်ဝိုက် ညအိပ်လည်ပတ် နိုင်ရေးဆွေးနွေး



ရန်ကုန် ၁၁-၁၀-၂၀၁၇

အိန္ဒိယနိုင်ငံသို့ လာရောက်လည်ပတ် ကြသည့် ခရီးသွားများအား နယ်စပ်မှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်၍ ချင်းပြည်နယ်ရှိ ရိဒ်ရေကန်နှင့် ဒေသတစ်ဝိုက်ကို ညအိပ်ခရီးစဉ်အဖြစ် လာရောက်လည်ပတ်နိုင်ရေး နှစ်နိုင်ငံတာဝန်ရှိသူများ ဆွေးနွေး လျက်ရှိကြောင်း သိရသည်။

ချင်းပြည်နယ်၌ သဘာဝအလှအပ များစွာရှိပြီး နိုင်ငံခြားခရီးသွား ဧည့်သည်များကို ဆွဲဆောင်နိုင်သည့် နေရာများစွာရှိ သောကြောင့် အိန္ဒိယနိုင်ငံမှတစ်ဆင့် ရိဒ်ရေကန်အပါအဝင် တီးတိန်နှင့်ကလေးမြို့များအထိ သွားရောက် လည်ပတ်နိုင်ရေး ဆွေးနွေးလျက်ရှိကြောင်း သိရသည်။

''လက်ရှိမှာ နေ့ချင်းပြန်လာ ရောက်လည် ပတ်နေကြပေမယ့် ညအိပ်တည်းခိုပြီး ချင်းလူမျိုးတွေရဲ့ ဓလေ့စရိုက်တွေကို ပိုမိုလေ့လာနိုင်အောင်လို့ ဆွေးနွေးနေကြပါတယ်'' ဟုဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန
(အထက်မြန်မာပြည်)မှ တာဝန် ရှိသူတစ် ဦးကပြောသည်။

အိန္ဒိယ-မြန်မာနယ်စပ်အနီးရှိ ရိဒ်ရေကန်သည် အသည်းပုံသဏ္ဌာန်ရှိကာ ကြည်လင်နေသည့် ရေဖြစ်ခြင်းကြောင့် ခရီးသွားများ စိတ်ဝင်တစားလာရောက် လေ့လာလျက်ရှိပြီး ကမ္ဘာပေါ်ရှိ အဆန်းကြယ်ဆုံး ရေကန်များစာရင်းတွင် လည်းပါဝင်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger