www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, October 2, 2017

ရေနံလက်ယက်တွင်း တိမ်လုပ်ငန်းမှ ယခုနှစ် ဧပြီ၊ မေ၊ ဇွန်၊ ဇူလိုင်ထိ လေးလအတွင်း မကွေးတိုင်းဒေသကြီး ဖွံ့ဖြိုးရေးရန်ပုံငွေ ငွေကျပ်သိန်း ၇၅ဝဝ ကျော်ရရှိ



မကွေး ၂-၁၀-၂၀၁၇

မကွေးတိုင်းဒေသကြီး အတွင်းရှိ ရေနံလက်ယက်တွင်း တိမ်လုပ်ငန်းမှ ယခုနှစ် ဧပြီ၊ မေ၊ ဇွန်၊ ဇူလိုင်လအတွင်း တိုင်းဒေသကြီးဖွံ့ဖြိုးရေး ရန်ပုံငွေ ငွေကျပ်သိန်း ၇၅ဝဝ ကျော်ရရှိကြောင်း မကွေးတိုင်းဒေသကြီး သယံဇာတ၊ သဘာဝပတ်ဝန်းကျင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

တိုင်းဒေသကြီးဖွံ့ဖြိုးရေး ရန်ပုံငွေအဖြစ် ရေနံလက်ယက်တွင်း တိမ်လုပ်ငန်းမှ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်က ငွေကျပ် ၁၄၁၉၅၅၅ဝဝဝ ရရှိခဲ့ပြီး၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် ဧပြီလမှ ဇူလိုင်လထိ လေးလတွင်ငွေကျပ် ၇၅ဝ၆၁၅ဝဝဝထိ ရရှိကြောင်း မကွေးတိုင်းဒေသကြီး သယံဇာတ ၊ သဘာဝပတ်ဝန်းကျင်၊လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနဝန်ကြီးဦးမြင့်ဇော်က ပြောပြသည်။

"ကျွန်တော်တို့အစိုးရအဖွဲ့ အနေနဲ့၂ဝ၁၆ခုနှစ်ကစပြီး တာဝန်ယူခဲ့ရသလို ဇွန် ၂ရက်ကမှဒီလုပ်ငန်းကို စခဲ့တာပါ။ စလုပ်တော့ တစ်လကို ငွေကျပ်သန်း ၁ဝဝအထက်မှာ ကျွန်တော်တို့ တိုင်းဒေသကြီးဖွံ့ဖြိုးရေးရန်ပုံငွေ ရရှိပါတယ်"ဟု ၎င်းက ဆက်လက်ပြောပြသည်။

အဆိုပါ ရေနံလက်ယက်တွင်း တိမ်လုပ်ငန်းမှ ရရှိသည့် အခွန်ငွေများသည် လုပ်ငန်းရှင်များအား ကုန်သွယ်မှုအနေဖြင့် ရေနံစိမ်း တစ်ပီပါလျှင် ငွေကျပ် ၁၅ဝဝ၊ ဝင်ငွေခွန် ငွေကျပ် ၅ဝဝတို့ကိုအခွန်ရုံးက ချလန်ဖြတ်ပေးပြီးမြန်မာ့စီးပွားရေး ဘဏ်တွင်လုပ်ငန်းရှင် ကိုယ်တိုင်ငွေသွင်းရကြောင်း၊ တိုင်းဒေသကြီးဖွံ့ဖြိုးရေး ရန်ပုံငွေအတွက် ရေနံစိမ်းတစ်ပီပါလျှင် ငွေကျပ် ၃ဝဝဝပေးသွင်းရပြီး ရရှိသောဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် လမ်း၊တံတားနှင့် ဖွံ့ဖြိုးရေး ကိစ္စများ လုပ်ဆောင်ရာတွင် ထည့်ဝင်သုံးစွဲကြောင်း သိရသည်။

"ရေနံလက်ယက်တွင်းတိမ် ရန်ပုံငွေက တိုင်းဒေသကြီးအတွင်း မြို့နယ် ၂၅မြို့နယ်အတွက် ဟိုက်ဒရောလစ် အမှိုက်သိမ်းယာဉ်ဝယ်မယ်။ မကွေး၊ မင်းဘူး၊ သရက်၊ပခုက္ကူ၊ ဂန့်ဂေါစတဲ့ ခရိုင်တွေအတွက် နှစ်စီးစီဆိုတော့ အမှိုက်သိမ်းယာဉ် ၃၃စီးဝယ်ယူဖို့ အတွက်အရင် အစိုးရလက်ထက် ရေနံလက်ယက်တွင်း ရန်ပုံငွေကရရှိတဲ့ ငွေကျပ်သန်း ၃ဝဝဝကျော်ထဲက ငွေကျပ်သန်း ၁ဝဝဝနဲ့ ဝယ်ယူဖို့ ပြည်ထောင်စုအစိုးရအဖွဲ့ကို တင်ပြထားပါတယ်"ဟု မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ပြောပြ၍ သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger