www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, October 26, 2017

နယ်စပ်ဒေသရှိ တိုင်းရင်းသားလူမျိုးများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ပေးနေမှု အဖြေအနေများဆွေးနွေး


နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်နှင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူးမစ္စ ရီနားတားနီကိုလာလော့ဒ်ဒက်ဆဲလ် လီယန်တို့တွေ့ဆုံ ဆွေးနွေးစဉ်။

နေပြည်တော် ၂၆-၁၀-၂၀၁၇

နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်သည် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူး မစ္စ ရီနားတား နီကိုလာလော့ဒ် ဒက်ဆဲလ် လီယန်အား ယနေ့မွန်းလွဲ ၁၂ နာရီခွဲတွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံအတွင်းရှိ ဖွံ့ဖြိုးမှုနောက်ကျ နေသည့် နယ်စပ်ဒေသများ၌ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများနှင့် နယ်စပ်ဒေသရှိ တိုင်းရင်းသားလူမျိုးများ၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး တို့အတွက် ဆောင်ရွက်ပေးနေမှု အခြေအနေများ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် ဝန်ကြီးဌာနအကြား ပူးပေါင်းဆောင်ရွက်မှု အခြေအနေများ၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးမှု ဆိုင်ရာလုပ်ငန်း များ၌ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များ၊ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှု ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာ ခေတ္တပြောင်းရွှေ့ခဲ့ကြသည့် ဒေသတွင်းနေ နှစ်ဖက်လူ့အဖွဲ့အစည်းများ၏ လုံခြုံရေး၊ စားဝတ် နေရေး၊ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ၊ ပြန်လည်နေရာချထားရေး လုပ်ငန်းများ၊ လူသားချင်း စာနာထောက်ထားမှု အကူအညီဆောင်ရွက် ပေးနေမှုအခြေအနေများ၊ သတင်းမီဒီယာများ လွတ်လပ်စွာသတင်းရယူ နိုင်ရေးနှင့် ရခိုင်ပြည်နယ်၏ ပကတိအခြေအနေ မှန်များကို နိုင်ငံတကာမှသိရှိ စေရန်အတွက် ဆောင်ရွက်နေမှု အခြေအနေများ၊ မြန်မာနိုင်ငံအတွင်းရှိ စေတနာရှင်ပြည်သူလူထုများ၊ ပြည်ပနိုင်ငံများနှင့် ပြည်ပအဖွဲ့အစည်းများမှ ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေးနှင့် ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပါဝင်ကူညီထောက်ပံ့သည့် အခြေအနေများ၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို အကောင်အထည် ဖော်ဆောင်ရွက်နေမှု အခြေအနေများနှင့် ရှေ့ဆက်လက်ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ နယ်စပ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger