www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, October 26, 2017

ကျိုင်းတုံမြို့နယ်အတွင်း ငွေကျပ်သိန်း ၆၀၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ



နေပြည်တော် ၂၆-၁၀-၂၀၁၇

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ မြို့အ၀င်ဂိတ်၌ နယ်မြေလုံခြုံရေး ဆောင်ရွက်နေသည့် တပ်မတော်သားများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ပါဝင်သောပူးပေါင်းအဖွဲ့သည် ယနေ့ နံနက် ၅ နာရီ ၄၅ မိနစ်ခန့် တွင် မိုင်းပျဉ်းဘက်မှ ကျိုင်းတုံဘက်သို့ မြ၀င်း (ဘ) ဦးမောင်အေး မောင်းနှင်လာသော ကရောင်းအမျိုးအစား မော်တော်ယာဉ်အမှတ်၊ YGN 6 J/--- အားရပ်တန့်စစ်ဆေးရာ ယာဉ်နောက်ခန်းအတွင်းမှ တစ်ထုပ်လျှင် အိုက်စ် ၁ ကီလို ဂရမ်ခန့်ပါ ၂၅၀ ထုပ်၊ စုစုပေါင်း ၂၅၀ ကီလိုဂရမ်ခန့် (ခန့်မှန်းတန်ဖိုးငွေကျပ် သိန်းပေါင်း ၆၂၅၀၀ ခန့်)၊ မြန်မာငွေကျပ်သုံးသိန်း တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ မူးယစ်ဆေးဝါးများ၊ မော်တော်ယာဉ်နှင့်အတူ ဖမ်းဆီးရမိသူအား တရားဥပဒေအရ အမှုဖွင့်အရေးယူ ဆောင်ရွက်နိုင်ရန် ကျိုင်းတုံမြို့မရဲစခန်းနှင့် မူးယစ်တပ်ဖွဲ့စုသို့ စနစ်တကျလွှဲပြောင်း အပ်နှံခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger