www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, October 25, 2017

ဧရာဝတီမြစ်ရေနှင့် တောင်ကျရေ တိုက်စားမှု တို့ကြောင့်တောင်အင်းကျေးရွာ စာသူငယ်ချောင်းကူးတံတား ကျိုးပျက်နေ



စဥ့်ကူး ၂၅-၁၀-၂၀၁၇

မန္တလေးတိုင်းဒေသကြီး စဥ့်ကူးမြို့နယ်တွင် ယခုနှစ်မိုးတွင်းကာလ၌ ရာသီဥတုဖောက်ပြန်မှုတို့ကြောင့် ဧရာဝတီမြစ်ရေများ မြင့်တက်ခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်းတို့ကြောင့် တောင်အင်းကျေးရွာ စာသူငယ်ချောင်းကူး တံတားမှာ ပြိုကျပျက်စီးမှု ဖြစ်ပွားခဲ့သည်။

ထို့ပြင် ရွှေပြည်-ထုံးကြီးကျေးရွာချင်း ဆက်လမ်းမကြီးမှာ အရှည် ၃ ဒသမ ၅ မိုင်ရှိပြီး နှစ်စဉ်မိုးတွင်း ကာလရောက်လျှင် ရေတိုက်စား ပျက်စီးမှုများ အမြဲကြုံတွေ့နေရပြီး အဆိုပါဒေသရှိ ပြည်သူများမှာ ရေဘေးသင့်ခြင်းများ ကြုံတွေ့ နေရကြောင်း၊ အဆိုပါ လမ်းမကြီးကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ရာသီမရွေးသွားလာနိုင်ရန် ၂ဝ၁၂-၂ဝ၁၃ဘဏ္ဍာနှစ်က ခွင့်ပြုရန်ပုံငွေကျပ်သန်း ၈ဝဖြင့် စတင်မတည်ဆောက်လုပ်ခဲ့ပြီး ၂ဝ၁၃- ၂ဝ၁၄ ဘဏ္ဍာနှစ်တွင်လည်း ခွင့်ပြုရန်ပုံ ငွေကျပ် ၄၉၅ဒသမ၇၄သန်းတို့ဖြင့် အကုန်ကျခံမွမ်းမံပြန်လည် ဆောက်လုပ်ခဲ့ရာ ၂ဝ၁၆-၂ဝ၁၇ ခုနှစ်ထိ ဘဏ္ဍာငွေပေါင်းများစွာ အကုန်ကျခံ တည်ဆောက်ခဲ့သော်လည်း လမ်းမကြီးမှာ မြေသားလမ်း တံတားများ ခိုင်မာမှုမရှိဘဲ ပြိုကျမြဲ ပြိုကျပျက်စီးလျက်ရှိနေကြောင်း သိရသည်။

ယခုအခါ အဆိုပါလမ်းမကြီးပေါ်ရှိ တောင်အင်းကျေးရွာ စာသူငယ်ချောင်းတံတားမှာ ပြိုကျပျက်စီးလျက်ရှိပြီး ယခုအချိန်ထိ ပြုပြင်တည်ဆောက်နိုင်ခြင်း မရှိသေးဘဲ ဒေသခံများနှင့် ခရီးသွားပြည်သူများမှာ တောင်အင်းကျေးရွာအတွင်းမှ ခက်ခဲစွာဖြတ်သန်း သွားလာနေရကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger