www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, October 25, 2017

ကသာမြို့အနီး ဧရာဝတီမြစ် အတွင်း၌ သစ်တစ်လုံး ငါးတန်ကျော်သည့် သစ်အပါအဝင် တရားမဝင်သစ်တန်ချိန် ၃ဝဝကျော် ဖမ်းဆီးရမိ



ကသာ ၂၅-၁၀-၂၀၁၇

ကသာမြို့နယ် အောက်သံပုရာ ကျေးရွာအရှေ့ဘက်ရှိ ဧရာဝတီမြစ်အတွင်း၌ သစ်လုံးတစ်လုံးလျှင် ငါးတန်ကျော်ရှိသော တရားမဝင်သစ်များပါရှိသည့် တောင်ပံလှေတွဲဖောင်သုံးစီး၊ သစ်ဆွဲရေယာဉ်တစ်စီးတို့ကို အောက်တိုဘာ ၁၉ ရက်က ဖမ်းဆီးရမိခဲ့၍ ဆက်လက်စစ်ဆေးရှာဖွေရာ အောက်တိုဘာ၂၃ရက်က သစ် ၃၄၄ ဒသမ ဝ၆၉၆တန်ဖမ်းဆီးရမိကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

အဆိုပါ တရားမဝင်သစ်များကို မဘိမ်းမြို့နယ် နမ့်မဲကြိုးဝိုင်းနှင့် ရွှေကူမြို့နယ်ဝါးဖြူတောင် ကြိုးဝိုင်းတို့မှ သယ်ယူလာပြီး ကသာမြို့နယ် ဧရာဝတီမြစ်အတွင်းမှ လေလံသစ်နှင့်ထိပ်ငါးပေခွဲခန့်ရှိ အင်ကညင်သစ်များ၊ ခွဲသားအထုပ်များ၊ ပျဉ်အကာများ ရောညှပ်၍ ထည့်သွင်းပြီး ဖောင်ဖွဲ့သယ်ဆောင်နေကြောင်း စုံစမ်းသိရှိချက်အရ ကသာခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဦးသောင်းနိုင်၊ မြို့နယ်ဦးစီးအရာရှိ ဦးတင်ထွဏ်း၊ သစ်တောလုံခြုံရေး တပ်ဖွဲ့ဝင် ၁၂ဦးဖြင့် သွားရောက်ရှာဖွေ ဖမ်းဆီးခဲ့သည်။

အဆိုပါသစ်များကို ဧရာဝတီမြစ်အတွင်းမှ ဆယ်ယူဆောင်ရွက်ရာတွင် သစ်တောဝန်ထမ်းများ၊ သစ်တော လုံခြုံရေးအဖွဲ့များ၊အောက်သံပုရာကျေးရွာ နယ်မြေခံရဲတပ်ဖွဲ့ဝင်များနှင့်အင်အား ၁၅ ဦးဖြင့် နေ့ညစောင့်ကြပ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ဥပဒေအရ ဆက်လက်အရေးယူရန် ဆောင်ရွက်လျက်ရှိရာ တောင်ပံလှေတွဲသုံးတွဲပါရှိသော ထိပ်ငါးပေကျော် လုံးပတ် ၂၂ပေခန့်ရှိ ကညင်သစ်များနှင့် ကညင်ခွဲသားချောင်း၁၄၂၁ချောင်း၊ ကညင် သစ်လုံး၉၃လုံး၊ တိုင် ၃၃လုံး၊ စုစုပေါင်း သစ်လုံးချောင်း ၃၄၄ ဒသမ ဝ၆၉၆ တန်၊ သစ်ဖောင်တွဲ အလျား ၄၈ပေ၊ အကျယ် ၁ဝ၆ပေ၊ ဇောက်လေးပေ၊ရေယာဉ်တစ်စီး၊ လှေတွဲ သုံးစီး၊ဆက်စပ်လူသုံးဦးနှင့်အတူ သိမ်းဆည်းထားရှိပြီး ဆက်လက်၍ သိမ်းဆည်းရန်ကျန်ရှိသေးကြောင်း မြို့နယ်သစ်တောဦးစီးမှူး ဦးတင်ထွဏ်းက ပြောပြ၍ သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger