www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, October 25, 2017

မန္တလေးမြို့တွင် နှစ်စဉ်မိုးဥတု၌ ရေကြီးရေလျှံခြင်းကြောင့် ချောင်းကြီး၊ မြောင်းကြီးများ အဆင့်မြှင့်တင်ခြင်းကို နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်သည့် Project များတွင် ထည့်သွင်း ဆွေးနွေးသွားမည်


မန္တလေးမြို့ရှိ သင်္ဂဇာချောင်းကို တွေ့ရစဉ်။

မန္တလေး ၂၅-၁၀-၂၀၁၇

မန္တလေးမြို့တွင် နှစ်စဉ်မိုးဥတု ကာလရောက်ရှိတိုင်း ရေကြီးရေလျှံမှုဒဏ် ခံစားနေရခြင်းကြောင့် ချောင်း၊ မြောင်းများ အဆင့်မြှင့်တင်နိုင်ရေးကို နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်သည့် Project များတွင် ထည့်သွင်းဆွေးနွေး သွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ဇောအောင်က ပြောပြ၍ သိရသည်။

မန္တလေးမြို့တွင် ရေကြီးရေလျှံမှုဒဏ်ကို နှစ်စဉ်ခံစားနေရခြင်းကြောင့် မြို့တွင်းရေစီးရေလာ ကောင်းမွန်စေရေးအတွက် လက်ရှိအချိန်တွင် ပြုပြင်ထိန်းသိမ်းမှု လုပ်ငန်းများကို စတင်လုပ်ဆောင်လျက် ရှိရာလက်ရှိအချိန်တွင် ၄၃လမ်း၊ ၆၄လမ်းနှင့် ၆၅လမ်းကြားရှိ မြောင်းကြီးမြောင်းကို စင်ကာပူနည်းပညာဖြင့် တံတားဆောက်လုပ်နေပြီး ၎င်းတံတားပြီးစီးပါကလည်း ထပ်မံ၍တံတား ခြောက်စင်း ဆောက်လုပ်သွားမည် ဖြစ်ကြောင်း၊ ထို့ပြင် မန္တလေးမြို့ရှိချောင်း၊ မြောင်းများ ရေစီးရေလာ ကောင်းမွန်၍ မြို့တွင်းရေလျှံမှုဒဏ်ကို လျှော့ချနိုင်ရေးအတွက် အဆင့်မြှင့်တင်နိုင်ရေးကို နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မည့် Project များတွင် ထည့်သွင်းဆွေးနွေးသွားရန် အစီအစဉ် ရှိကြောင်း သိရသည်။

မန္တလေးမြို့တွင် ယခုနှစ်အတွင်း စံပြအနေဖြင့် မဟာအောင်မြေမြို့နယ်အတွင်းရှိ နဒီမြောင်းကို ရေစီးရေလာ ကောင်းမွန်စေရေး စက်ယန္တရားများဖြင့် နှစ်ပေါင်းကြာမြင့်စွာ ရှိနေသည့် နုန်းထုထည်ကြီးကို ဆယ်ယူရှင်းလင်းမှုများ ပြုလုပ်လျက်ရှိကာ ၎င်းမြောင်းအနီးရှိ မြောင်းမြေကျူးကျော်ပြီး ဆောက်လုပ်ထားသည့် ဂိုဒေါင်များကိုလည်း ဖယ်ရှားရှင်းလင်း၍ ၎င်းမြောင်းတစ်လျှောက် ၃၅ လမ်းနှင့် ၃၉ လမ်းထိ ကြားလမ်းကိုလည်းဖောက်လုပ် ပေးနေကြောင်း သိရသည်။

နိုဝင်ဘာလ အတွင်း၌လည်း ၆၉လမ်း ကျောကပ်မြောင်းကို ရေစီးရေလာ ပိုမိုကောင်းမွန်စေရေး အပြင်မြောင်းအတွင်းရှိ နုန်းများအပါအဝင် အခြားစွန့်ပစ် အမှိုက်သရိုက်များကိုပါ လွယ်ကူစွာဆယ်ယူ ရှင်းလင်းနိုင်ရေး စင်ကာပူ နည်းပညာဖြင့် ၎င်းမြောင်းကို U ပုံသဏ္ဋာန်ဖော်ကာ အဆင့်မြှင့်တင်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း အလားတူ ရွှေတချောင်းမြောင်းအတွင်းလည်း စင်ကာပူနည်းပညာ Precast Concrete Arch Bridge တံတားများကို တည်ေ ဆာက်သွားရန် စီစဉ်နေကြောင်း သိရသည်။

"မြို့တွင်း ရေကြီးရေလျှံမှုပြဿနာကို ဖြေရှင်းရာမှာ ချောင်း၊မြောင်းတွေရဲ့ ရေထွက်ပေါက်တွေမှာ အမှိုက်တွေပိတ်မနေဘဲ ရေစီးရေလာမှန်နေဖို့လိုပါတယ်။ ဒီလိုရေစီးရေလာ ကောင်းမွန်အောင် မန္တလေးမြို့ရဲ့ အဓိကကျတဲ့ မြောင်းတွေ၊ ချောင်းတွေအားလုံးကို ပြည်ပကနည်းပညာ အကူအညီတွေနဲ့ပြုပြင် ထိန်းသိမ်းဖို့လိုပါတယ်။ ဒါကြောင့် နိုင်ငံတကာနဲ့ ချိတ်ဆက်ဆောင် ရွက်တဲ့လုပ်ငန်းစဉ်တွေမှာ ထည့်သွင်းဆွေးနွေးသွားဖို့ စီစဉ်နေခြင်း ဖြစ်ပါ တယ်"ဟု ၎င်းက ဆက်လက်ပြောပြသည်။

မန္တလေးမြို့ရှိ ချောင်း၊ မြောင်းများကို ပြုပြင်ထိန်းသိမ်းမှု လုပ်ငန်းများ အပြင်နည်းပညာ အကူအညီများပါရရှိပါက မြို့တွင်းရေကြီးရေလျှံမှုကို ၇ဝ ရာခိုင်နှုန်းခန့်ထိ လျှော့ချပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger