www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, October 11, 2017

မိုးကောင်းမြို့နယ်တွင် ဆရာတော်ကြီးများအား ကန်တော့ရန် သွားရောက်သူများ စီးနင်းလာသောယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွား



မိုးကောင်း ၁၁-၁၀-၂၀၁၇

ကချင်ပြည်နယ် မိုးကောင်းမြို့နယ်တွင် ဆရာတော်ကြီးများအား လှည့်လည်ကန်တော့ရန် သွားရောက်သူများ စီးနင်းလာသောယာဉ်တစ်စီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မိုးကောင်းမြို့မ ရဲတပ်ဖွဲ့စခန်းမှူး ဒုတိယရဲမှူးသန်းထိုက်နှင့် ရဲတပ်ဖွဲ့ဝင်များသည် တာဝန်ရှိသူ များနှင့်အတူ အောက်တိုဘာ ၉ ရက်နံနက် ၇ နာရီ မိနစ်၃ဝက ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်း သတင်းအရ သွားရောက် စစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးရာတွင် မိုးကောင်းမြို့နေ ထွန်းနိုင် (ခ) ကျော်ကျော်မောင်းနှင်သည့် တုန်ဖုန်းအပြာရောင်ယာဉ်သည် အောင်သာကျေးရွာ ဘုန်းတော်ကြီးအား ကန်တော့အပြီး အုတ်ကျင်းကျေးရွာ ဘုန်းတော်ကြီးအား ကန်တော့ရန် မိုးကောင်းမြို့မှ ဖားကန့်မြို့သို့ ပြည်ထောင်စုလမ်းမ ကြီးအတိုင်း မောင်းနှင်လာစဉ် သုံးမိုင်ကွေ့အရောက်တွင် တိမ်းမှောက်မှုဖြစ်ပွား ခဲ့ခြင်းကြောင့် ယာဉ်ပေါ်ပါ ဒေသခံပြည်သူ ၂၄ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ရာတာဝန်ရှိသူများက မိုးကောင်းမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်း ထွန်းနိုင် (ခ) ကျော်ကျော်ကို မိုးကောင်းမြို့မရဲစခန်းက (ပ)၃၂/၂ဝ၁၇၊ ပုဒ်မ-၃၃၇/၃၃၈ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger