www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, October 2, 2017

အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်အတွင်းမှ တရားမဝင်ပိတောက်နှင့် ကျွန်းသစ်ခွဲသားများ သိမ်းဆည်းရမိ



ယင်းမာပင် ၂-၁၀-၂၀၁၇

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ယင်းမာပင်မြို့နယ် အလောင်းတော်ကဿပ အမျိုးသား ဥယျာဉ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်နိုင်၏ အနီးကပ်ကြီးကြပ်မှုဖြင့် အမျိုးသားဥယျာဉ်မှ တုံးခေါင်းကင်းစခန်းတာဝန်ခံ တောအုပ်ဦးမောင်ရွှေ ခေါင်းဆောင်ပါဝင်သော ဥယျာဉ်ဝန်ထမ်းလေးဦးနှင့် ကွမ်းပင်ရေစခန်း မုံရွာခရိုင်စစ်ကြောင်းအဖွဲ့မှ တာဝန်ရှိသူနှစ်ဦး စုစုပေါင်း ခြောက်ဦးပူးပေါင်း ပါဝင်သောအဖွဲ့သည် ဥယျာဉ်အတွင်း တရားမဝင်သစ်များခိုးလှဲခြင်း၊ ခိုးထုတ်ခြင်း၊ ရောင်းချသယ်ယူခြင်းများကို အရှိန်အဟုန်မြှင့် ရှာဖွေဖမ်းဆီး လျက်ရှိသည်။

ထိုသို့ဖမ်းဆီးရာတွင် စက်တင်ဘာ ၃ဝရက် မွန်းလွဲ ၁၂နာရီမိနစ် ၃ဝက မုံရွာ-ယာကြီး-ကလေးဝလမ်း မိုင်တိုင်အမှတ် (၄၅/ဝ) မြောက်ဘက် နှစ်မိုင်ခန့်အကွာ ဥယျာဉ်အတွင်းမှ ပိတောက်ခွဲသားလေးပေတို ၁၅ချောင်းနှင့် ကျွန်းခွဲသားလေးပေတို နှစ်ချောင်း စုစုပေါင်းတရားမဝင် ပိတောက်နှင့် ကျွန်းသစ်ခွဲသား ၁၇ ချောင်းကို ရှာဖွေသိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ရှာဖွေသိမ်းဆည်းရမိသော တရားမဝင်ပိတောက်နှင့် ကျွန်းသစ်ခွဲသား ၁၇ချောင်းကို ပူးပေါင်းအဖွဲ့များမှ တာဝန်ရှိသူတို့က ကနီမြို့နယ်သစ်တော ဦးစီးဌာနနှင့် ဆက်သွယ်ပြီး ကနီမြို့နယ် သင်းကန်ဘိနယ်သစ်တော စခန်းသို့ နေ့ချင်းပြီး သယ်ယူလွှဲပြောင်းအပ်နှံရေး ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း အလောင်းတော်ကဿပ အမျိုးသားဥယျာဉ် အုပ်ချုပ်ရေးမှူး ဦးမောင်မောင်နိုင်ထံမှ သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger