www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, October 2, 2017

တက္ကသိုလ်လေ့ကျင့်ရေး တပ်များမှ ၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ် တက္ကသိုလ်လေ့ကျင့်ရေး တပ်ဖွဲ့ဝင်ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စခန်းချလေ့ကျင့်ရေး သင်တန်း ဖွင့်ပွဲများကျင်းပ


ပင်လောင်းမြို့နယ်၌ ကျင်းပသည့်၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ်တက္ကသိုလ်လေ့ကျင့်ရေးတပ်ဖွဲ့ဝင် ဆရာ၊ ဆရာမများ၊ကျောင်းသား၊ ကျောင်းသူများစခန်းချလေ့ကျင့်ရေး သင်တန်းဖွင့်ပွဲတက်ရောက် လာကြသူများစုပေါင်း ဓာတ်ပုံရိုက်စဉ်။

ရမည်းသင်းမြို့နယ်၌ ၂ဝ၁၆-၂ဝ၁၇ပညာသင်နှစ်၊ တက္ကသိုလ်လေ့ကျင့်ရေး တပ်ဖွဲ့ဝင်ဆရာ၊ ဆရာမများ၊ကျောင်းသား၊ကျောင်းသူများ စခန်းချလေ့ကျင့်ရေးသင်တန်းဖွင့်ပွဲကျင်းပစဉ်။

တိုက်ကြီးမြို့နယ်၌ ၂ဝ၁၆-၂ဝ၁၇ပညာသင်နှစ်၊တက္ကသိုလ် လေ့ကျင့်ရေးတပ်ဖွဲ့ဝင်ဆရာ၊ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများ စခန်းချလေ့ကျင့်ရေးသင်တန်းဖွင့်ပွဲကျင်းပစဉ်။

နေပြည်တော် ၂-၁၀-၂၀၁၇

နိုင်ငံတော်ကာကွယ်ရေးအတွက် လေ့ကျင့်သားပြည့်ဝသည့် ကာကွယ်ရေးအရန် အင်အားစုအဖြစ် တည်ဆောက်ရန်အတွက် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ ပြည်သူ့စစ်နှင့် နယ်ခြားတပ်များ ညွှန်ကြားရေးမှူးရုံး၏ တက္ကသိုလ် လေ့ကျင့်ရေးတပ်များမှ ၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ်၊ တက္ကသိုလ်လေ့ကျင့်ရေးတပ်ဖွဲ့ဝင် ဆရာ၊ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများ စခန်းချလေ့ကျင့်ရေး သင်တန်းဖွင့်ပွဲများကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ မွန်ပြည်နယ်၊ သံဖြူ ဇရပ်မြို့နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လောင်းမြို့နယ်တို့ရှိ နယ်မြေခံသင်တန်း ကျောင်းများ၌ အသီးသီးကျင်းပ ပြုလုပ်ကြသည်။

သင်တန်းဖွင့်ပွဲများသို့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဝင်းဗိုလ်ရှိန်၊ ပြည်သူ့စစ်နှင့် နယ်ခြားတပ်များ ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ထင်မော်ထွန်းနှင့် သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်မှ ဒုတိယတိုင်းမှူးများ၊ တပ်မတော် အရာရှိကြီးများ၊ သင်တန်းနည်းပြများ၊ တက္ကသိုလ်လေ့ကျင့်ရေးတပ်ဖွဲ့ဝင် ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများ တက်ရောက်ကြသည်။

အဆိုပါ သင်တန်းများတွင် ယခင်ကအမျိုးသားများသာ တက်ရောက်ခဲ့သော်လည်း ၂ဝ၁၆-၂ဝ၁၇ ပညာသင် နှစ်မှစတင်၍ အမျိုးသမီးတပ်ဖွဲ့ဝင် ဆရာမများနှင့် ကျောင်းသူများပါ ဆန္ဒပြု တက်ရောက်ခဲ့ကြသည်။

သင်တန်းများအား ၂ဝ၁၂-၂ဝ၁၃ ပညာသင်နှစ်မှစတင်၍ နှစ်စဉ်ပြန်လည်ဖွင့်လှစ် ခဲ့ခြင်းဖြစ်ပြီး ၂ဝ၁၅-၂ဝ၁၆ ပညာသင်နှစ်တွင် တက္ကသိုလ်လေ့ကျင့်ရေးတပ်ဖွဲ့ဝင် ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူ စုစုပေါင်း ၁၄၁၁ ဦးတက်ရောက်ခဲ့ကာ ယခု ၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ်တွင် ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူ စုစုပေါင်း ၁၆၄၃ ဦး တက်ရောက်မည်ဖြစ်သဖြင့် ယခင်နှစ်ထက် တပ်ဖွဲ့ဝင်အင်အား ၂၃၂ ဦးတိုးတက်လာ သောကြောင့် စိတ်ပါဝင်စားသည့် ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများ တိုးတက်လာကြောင်းနှင့် သင်တန်းကို အောက်တိုဘာ ၃ဝ ရက်အထိ ရက်သတ္တပတ် ငါးပတ်ကြာလေ့ကျင့် သင်ကြားပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger