www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, October 2, 2017

မောင်တောမြို့နယ်၊ မြဇင်ကျေးရွာအတွင်း ARSA အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမားများ သိုဝှက်ထားသည့် လက်လုပ်မိုင်းများတွေ့ရှိ


သိမ်းဆည်းရမိ လက်လုပ်မိုင်းများနှင့် ဆက်စပ်ပစ္စည်းများကိုတွေ့ရစဉ်။

သိမ်းဆည်းရမိ RE စာတန်းပါ အဝေးထိန်းခလုတ် များကိုတွေ့ရစဉ်။

နေပြည်တော် ၂-၁၀-၂၀၁၇

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း တရားဥပဒေစိုးမိုးရေး ဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ ၀င်များသည် ယနေ့ညနေ ၃ နာရီခန့်တွင် မြဇင်ကျေးရွာသို့ရောက်ရှိစဉ် ဒေသခံများ၏ သတင်းပေးချက်အရ မီးလောင် ထားသော နေအိမ်ခြံဝင်းအတွင်းမှ မြေသားများပွနေသောနေရာအား မင်္သကာသဖြင့် တူးဖော်ရှာဖွေရာ ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများက ဖောက်ခွဲဖျက်ဆီးရေးလုပ်ငန်းများ ဆောင်ရွက်ရန် မြေကြီးအတွင်း မြုပ်နှံထားသော ပလပ်စတစ်ပုံးအ၀ါ ၂ ပုံးအားတွေ့ရှိခဲ့ပြီး အဆိုပါပုံးများ အတွင်းမှအချင်း ၄ လက်မ၊အရှည် ၆ လက်မခန့်ရှိ လက်လုပ်မိုင်း ၂ လုံး၊အချင်း ၂ လက်မ၊အရှည် ၉ လက်မခန့်ရှိ လက်လုပ်မိုင်း ၁၀ လုံး၊ RE စာတမ်းပါ အဝေးထိန်းခလုပ် ၄ ခုနှင့် ၀ါယာကြိုး ၁၂၅ ပေခန့်တို့အား သိမ်းဆည်း ရမိခဲ့သည်။

အဆိုပါနေရာ တစ်ဝိုက်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေရှင်းလင်းခြင်းများ ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger