www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, September 15, 2017

နေရပ်စွန့်ခွာ တိမ်းရှောင်ကာ စစ်တွေမြို့ပေါ်ရှိ ယာယီကယ်ဆယ်ရေးစခန်းများသို့ ရောက်ရှိနေသည့် မောင်တောဒေသရှိ တိုင်းရင်းသားကျေးရွာများမှ ပြည်သူများကို ထောက်ပံ့ ငွေများပေးအပ်


အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင် နေရပ်စွန့်ခွာပြောင်းရွှေ့ရောက်ရှိနေသည့် မောင်တောဒေသခံ တိုင်းရင်းသားပြည်သူများအား တွေ့ဆုံစဉ်။

စစ်တွေ ၁၅-၉-၂၀၁၇

အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်နှင့် အဖွဲ့သည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာ၊ လျှပ်စစ်၊စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဦးအောင်ကျော်ဇံနှင့် တာဝန်ရှိသူ များသည် ယနေ့နံနက်ပိုင်းတွင် ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် စိုးရိမ်ထိတ်လန့်၍ နေရပ်မှ ခေတ္တစွန့်ခွာတိမ်းရှောင်ကာ စစ်တွေမြို့ပေါ်ရှိ ယာယီ ကယ်ဆယ်ရေးစခန်း များသို့ရောက်ရှိနေသည့် မောင်တောဒေသရှိ တိုင်းရင်းသားကျေးရွာများမှ ပြည်သူများထံသို့သွားရောက် ၍ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။

ရှေးဦးစွာ အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်နှင့် အဖွဲ့သည် စစ်တွေမြို့ရှိ လောကနန္ဒာစေတီတော်မြတ်ကြီးကို သွားရောက်ဖူးမြော်ကြည်ညို၍ အလှူငွေများ ပေးအပ်သည်။

အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့သည် ငစရိုင်းချောင်းကျောင်းတိုက် ကယ်ဆယ်ရေးစခန်းနှင့် စက်ရုံစု အကွက် (၁) ရတနာ့ဗိမ္မာန်ကျောင်းကယ်ဆယ်ရေး စခန်းတို့သို့ သွားရောက်ကာ ထောက်ပံ့ငွေများ ပေးအပ်ပြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစောမိုးမြင့်က အောင်မြင်သူနှင့် အွန်လိုင်းမိသားစုများက လှူဒါန်းသည့် ထောက်ပံ့ငွေများကို ပေးအပ်သည်။

အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်က စစ်တွေမြို့ ယာယီကယ်ဆယ်ရေး စခန်းများသို့ ရောက်ရှိနေသည့် မောင်တောဒေသရှိ တိုင်းရင်းသား ကျေးရွာများမှ ပြည်သူများကို မောင်တောဒေသ နယ်မြေလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးကို အစိုးရနှင့် တပ်မတော် ပူးပေါင်းဆောင်ရွက်ထားပြီး ဖြစ်ကြောင်း၊ဒေသခံများ အလုပ်အကိုင်ရရှိရန်နှင့် လျှပ်စစ်မီးရရှိရေး၊ လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ရေးတို့ကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ နယ်မြေအေးချမ်းတည်ငြိမ်မှု ရရှိလာပြီဖြစ်၍မိမိတို့၏ နေရပ်သို့ ပြန်လည်နေထိုင်နိုင်ကြောင်း ပြောကြားသည်။

အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့သည် ညနေပိုင်းတွင် စစ်တွေလေဆိပ်မှ ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာသွားကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger