www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, September 15, 2017

ရခိုင်ပြည်နယ်အတွင်းရှိ ဒေသခံတိုင်းရင်းသား ပြည်သူများ၊လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ အတွက်အသုံးအဆောင် ပစ္စည်းများနှင့်အလှူငွေများ ပေးအပ်လှူဒါန်း


တပ်ကုန်းမြို့၊ ဆရာစံရပ်ကွက်ကျောင်းသစ် ကျောင်းတိုက်စာချ ဆရာတော်ဘဒ္ဒန္တကုမုဒက နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြင့်မော်ထံ စားသောက်ဖွယ်ရာများပေးအပ်စဉ်။

နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်) မှဆရာတော်များက ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သက်ပုံထံ အလှူငွေများပေးအပ်စဉ်။

အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်တေဇကျော်ထံ အလှူရှင် တစ်ဦးက အလှူငွေများပေးအပ်စဉ်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မောင်မောင်စိုးထံ အလှူရှင်များက အလှူငွေများပေးအပ်စဉ်။

နေပြည်တော် ၁၅-၉-၂၀၁၇

ရခိုင်ပြည်နယ်အတွင်း နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ထမ်းဆောင်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ အတွက်တပ်ကုန်းမြို့၊ဆရာစံရပ်ကွက် ကျောင်းသစ်ကျောင်းတိုက် စာချဆရာတော် ဘဒ္ဒန္တကုမုဒက စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းခြင်းကို ယနေ့နေ့လယ်ပိုင်းတွင် နေပြည်တော်တိုင်း စစ်ဌာနချုပ်၌ ပြုလုပ်သည်။ ဦးစွာတိုင်းမှူး ဗိုလ်ချုပ်မြင့်မော်နှင့် အဖွဲ့ဝင်များက ဆရာတော်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ဆရာတော်က ငွေကျပ် ၁၆ သိန်းတန်ဖိုးရှိ စားသောက်ဖွယ်ရာများနှင့် ဆေးပေါ့လိပ်များ ပေးအပ်လှူဒါန်းရာ တိုင်းမှူးကလက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ဆက်ကပ်သည်။

အလားတူ ARSA အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှု လုပ်ရပ်များကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရသည့် ဒေသခံတိုင်းရင်းသား ပြည်သူများ၊ လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအတွက် အလှူငွေများ ပေးအပ်လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်း စစ်ဌာနချုပ်၊ ရတနာသီရိခန်းမ၌ပြုလုပ်ရာ အလှူရှင်များ ဖြစ်ကြသည့် နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ် (ရန်ကုန်)၊ဗိုလ်သင်တန်း အမှတ်စဉ် (၆၄) မှ ကျောင်းဆင်းအရာရှိများနှင့် စေတနာရှင်အလှူရှင်များ ကလှူဒါန်းသည့် ငွေ ကျပ် ၂၁၃ဝ၃၁ဝဝ ကိုအသီးသီးပေးအပ် လှူဒါန်းကြရာ တိုင်းမှူးဗိုလ်ချုပ်သက်ပုံက လက်ခံရယူပြီး ဂုဏ်ပြုမှတ် တမ်းလွှာများ ပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကား ပြောကြားသည်။

ထို့အတူ အလှူငွေများပေးအပ် လှူဒါန်းခြင်းကို အနောက်တောင်တိုင်း စစ်ဌာနချုပ်၊ မြဧရာဧည့်ရိပ်သာ၌ ပြုလုပ်ရာအလှူရှင်များ ဖြစ်ကြသည့် ပုသိမ်ပညာရေးကောလိပ်၊ အစိုးရစက်မှုလက်မှု သိပ္ပံကျောင်း (ဝါးခယ်မမြို့) ဝါးခယ်မ မြို့မှကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများ၊ မြောင်းမြပညာရေးကောလိပ်၊ မအူပင်တက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ် (မအူပင်မြို့)၊ အစိုးရနည်း ပညာအထက်တန်း ကျောင်း (မအူပင်မြို့) နှင့်ပုသိမ်မြို့၊ အမှတ် (၇) အခြေခံပညာ အထက်တန်းကျောင်းတို့မှ ဆရာ၊ဆရာမများနှင့်ကျောင်းသား၊ ကျောင်းသူများ ကလှူဒါန်းသည့် ငွေကျပ် စုစုပေါင်း ၄၆၅ဝဝဝဝ ကျပ်ကို အသီးသီးပေးအပ် လှူဒါန်းကြရာတိုင်းမှူးဗိုလ်ချုပ်တေဇကျော်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်း လွှာများပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကား ပြောကြားသည်။

ထို့ပြင်စေတနာရှင် အလှူရှင်များက အသုံးအဆောင်ပစ္စည်းများနှင့် အလှူငွေများ ပေးအပ်လှူဒါန်းခြင်းကို အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ဘူးသီးတောင် တပ်နယ်ရှိ နယ်မြေခံတပ်ရင်း ဧည့်ခန်းမ၌ ပြုလုပ်သည်။ အလှူငွေပေးအပ် ပွဲတွင် အလှူရှင်များဖြစ်ကြသည့် စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၂၅)မှ ကျောင်းဆင်းအရာရှိများက အလှူငွေကျပ် ၃၅ သိန်းနှင့်ငွေကျပ် ၃၅ဝဝဝဝ တန်ဖိုးရှိ အသုံးအဆောင် ပစ္စည်းများကို ပေးအပ်လှူဒါန်းရာ တိုင်းမှူးဗိုလ်ချုပ် မောင်မောင်စိုးက လက်ခံရယူပြီး ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger