www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, August 3, 2017

မြန်မာ့ ကျောက်မျက်ရတနာ နေ့အထိမ်းအမှတ်ပြပွဲတွင် ယူရို ၁၂သန်းတန် ကျောက်စိမ်းတုံး ပြသရောင်းချ



နေပြည်တော် ၃-၈-၂၀၁၇

မြန်မာ့ကျောက်မျက် ရတနာနေ့ အထိမ်းအမှတ် ကျောက်မျက် ပြပွဲကို နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမတွင် ယနေ့မှ သြဂုတ် ၁၁ ရက်ထိ ပြသရောင်းချ လျက်ရှိရာ တန်ဖိုးကြီးအဖြစ် ယူရို ၁၂ သန်းတန် ကျောက်စိမ်း တုံးကိုပါ ပြသပေရာင်းချ လျက်ရှိကြောင်း သိရသည်။

အဆိုပါ ကျောက်မျက်ရတနာ ပြပွဲတွင် ကျောက်စိမ်း ကျောက်မျက်အတွဲ စုစုပေါင်း ၆၈၈၇တွဲ၊ စုစုပေါင်းတန်ဖိုး ယူရို ၂ဝ၈ဒသမ၇၉၉ သန်းဖိုး ပြသရောင်းချ လျက်ရှိပြီး ၆၄ ကီလိုဂရမ်လေး၍ ယူရို၁၂သန်းတန် ကျောက်စိမ်းတုံးနှင့် ၄၆ဝ ကီလိုဂရမ်လေး၍ ယူရို၁ဝဝဝဝတန် ကျောက်စိမ်းခုတင်တို့ကိုပါ ရောင်းချ လျက်ရှိကြောင်း သိရသည်။

အဆိုပါပွဲတွင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့် ပြည်ထောင်စု အစိုးရအဖွဲ့ဝင်များ၊ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များနှင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများ တက်ရောက် ခဲ့ကြကြောင်း သိရသည်။

အဆိုပါ ပြပွဲသို့ မြန်မာနိုင်ငံသား ကျောက်မျက်ရတနာလုပ်ငန်း ရှင်များအပြင် တရုတ်နိုင်ငံသား အများစုလည်း လာရောက်ကြည့်ရှု ဝယ်ယူလျက်ရှိကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger