www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, August 3, 2017

မန္တလေးအောင်မြေသာစံ မြို့နယ်နှင့် ချမ်းမြသာစည်မြို့နယ်မှ အေးခဲကြက်သား ပိဿာ ၉ဝကျော် ဖမ်းဆီးရမိ



မန္တလေး ၃-၈-၂၀၁၇

မန္တလေး အောင်မြေသာစံမြို့ နယ်နှင့် ချမ်းမြသာစည်မြို့နယ် နှစ်နေရာမှ သားသတ်ဌာနခွဲ၏ ခွင့်ပြုချက်မရှိ စားသုံးရန်မသင့်သော အေးခဲကြက်သား ပိဿာ ၉ဝ ကျော်ကို ဖမ်းဆီးအရေးယူ နိုင်ခဲ့ကြောင်း သိရသည်။

မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ သားသတ်ဌာနခွဲက ခွင့်ပြုချက်မရှိ စားသုံးရန် မသင့်သော အေးခဲကြက်သားများကို ယနေ့တွင် ဆက်လက်စစ်ဆေးခဲ့ရာ အောင်မြေသာစံမြို့နယ် ၁၉လမ်း၊ ၆၁x၆၂လမ်းကြားရှိ ရွှေအဏ္ဏဝါ ပင်လယ်စာဆိုင်မှ အေးခဲကြက်ဖင် ဆီဖူး ၃၉ပိဿာနှင့် ချမ်းမြသာစည်မြို့နယ် မနော်ဟရီလမ်း ၆၂x၆၃ လမ်းကြားရှိ ရွှေငါးမောင်မောင် ဆိုင်ခွဲ (၂) ပင်လယ်စာဆိုင်မှ အေးခဲကြက် ဖင်ဆီဖူး ၅၁ ဒသမ ၆ပိဿာ နှစ်ဆိုင် စုစုပေါင်း ၉ဝဒသမ ၆ ပိဿာကို ဖမ်းဆီးရရှိခဲ့သည်။

အဆိုပါအေးခဲ ကြက်သားများကို မြို့တော်စည်ပင် သာယာရေး ကော်မတီသို့ ဆက်လက်တင်ပြ ဆောင်ရွက်လျက်ရှိပြီး အဆိုပါ အေးခဲကြက်သားများကို ဖျက်ဆီးသွားမည် ဖြစ်ကြောင်း သန့်ရှင်းရေးဌာနမှ ဌာနခွဲမှူး ဦးစိုးတင့်အောင် က ပြောပြသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger