www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, August 8, 2017

ရန်ကုန်နှင့် နေပြည်တော်ရှိ အော်တိုတယ်လီဖုန်း အိတ်ချိန်းကိုးခု၌ ခေတ်မီအိတ်ချိန်းစက်များ ယခုလကုန်ပိုင်းတွင် လဲလှယ်တပ်ဆင်မည်



ရန်ကုန် ၈-၈-၂၀၁၇

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း (MPT) အနေဖြင့် ယခုလကုန်ပိုင်းတွင် ရန်ကုန်နှင့် နေပြည်တော်ရှိ အော်တိုတယ်လီဖုန်း အိတ်ချိန်း ကိုးခု၌ ခေတ်မီအိတ်ချိန်း စက်များလဲလှယ် တပ်ဆင်အသုံးပြုကာ လက်ရှိအသုံး ပြုနေသော အော်တို တယ်လီဖုန်း နံပါတ်များကိုလည်း ဂဏန်းခုနစ်လုံးပါရှိသော ဖုန်းနံပါတ် အသစ်များအဖြစ် ပြောင်းလဲပေးရန် စီစဉ်ထားကြောင်း သိရသည်။

ရန်ကုန်မြို့ရှိ အင်းစိန်အိတ်ချိန်း၊ စော်ဘွားကြီးကုန်း အိတ်ချိန်း၊ လှိုင်သာယာအိတ်ချိန်း၊ ဒဂုံ (အရှေ့ပိုင်း) အိတ်ချိန်း၊ ဒဂုံ (တောင်ပိုင်း) အိတ်ချိန်း၊ ဒဂုံ(မြောက်ပိုင်း) အိတ်ချိန်း၊ ဒဂုံ (ဆိပ်ကမ်း)အိတ်ချိန်း၊ ယုဇနအိတ်ချိန်းနှင့် နေပြည်တော်ရှိ ဇမ္ဗူသီရိ အိတ်ချိန်းတို့၌ အော်တိုအိတ်ချိန်း များကို ခေတ်မီအိတ်ချိန်း စက်များ ပြောင်းလဲတပ်ဆင်မည်ဖြစ်ပြီး သက်ဆိုင်ရာဒေသများရှိ အော်တိုတယ်လီဖုန်း သုံးစွဲသူများအနေဖြင့် ၎င်းတို့၏ ဖုန်းနံပါတ်များ ပြောင်းလဲသွားမည်ကို ကြိုတင်သိရှိစေရန် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း (MPT) မှ အသိပေးကြေညာ ထားကြောင်း သိရသည်။

လက်ရှိအသုံးပြုနေသော ဖုန်းနံပါတ်များ၊ အသစ်ပြောင်းလဲသွားမည့် ဖုန်းနံပါတ်များနှင့် စတင်ပြောင်းလဲမည့် နေ့ရက်တို့ကို မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း (MPT) ၏ အင်တာနက်ဝက်ဘ်ဆိုက် mpt.com.mm တွင် အသေးစိတ် ဖော်ပြထားသည်။

ထိုသို့ ဖုန်းနံပါတ်အဟောင်းမှ နံပါတ်အသစ်သို့ ပြောင်းလဲလိုက်သည့်အတွက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အော်တိုတယ်လီဖုန်း ဝန်ဆောင်မှုကို အသုံးပြုသူများအနေဖြင့် ဖုန်းအဆက်အသွယ်များ ပြုလုပ်ရာတွင် အဆင်ပြေစေရန် Call Forward ဝန်ဆောင်မှုကို နိုဝင်ဘာလကုန်အထိ အခမဲ့လုပ်ဆောင်ပေးမည်ဖြစ် ကြောင်းသိရသည်။

#Themywadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger